Random 19

1.9K 118 0
                                    

》》》》》 2017,September

'ရှင်း.. လမ်းလျှောက်နိုင်ရဲ့လား..'

လှေကားလက်ရန်းကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ တိတ်ဆိတ်စွာရပ်နေသော ဖြူဖျော့ဖျော့ကောင်လေးအား သူခပ်ဖွဖွမေးလိုက်မိတော့ ကောင်လေးက သူ့ကိုမျက်ဝန်းပြာပြာတို့နဲ့ မော့ကြည့်လာသည်။

'..ehh  ဟုတ် ကျွန်တော် လမ်းလျှောက်နိုင်ပါတယ်ဗျ..umm.. အိပ်လိုက်လို့လားမသိဘူး အခုအားတွေပြန်ပြည့်လာသလိုပဲ hee~'

သွားတက်လေးတွေပေါ်အောင်ထိ ဖွဖွလေးရယ်မောနေရင်း ရှင်းပြနေသောကောင်လေးအား သူညင်သာစွာပြုံးရင်းသာ ကြည့်နေမိပါသည်။
တော်ပါသေးရဲ့လေ..
အဖျားနည်းနည်းကျသွားတာမို့..
Family Doctor လေးက သေချာလုပ်ပေးသွားခဲ့တာဆိုတော့..

ကောင်ငယ်လေး၏ အနက်ရောင်ဆံပင်ပွပွလေးများအား သူခပ်ဖွဖွပုတ်ပေးမိတော့ ကောင်ငယ်လေးက မျက်ဝန်းပြာပြာတို့နဲ့ မော့ကြည့်လာသည်။
သူညင်သာစွာ ပြုံးပြမိတော့ ထိုကောင်လေးက သွားတက်လေးများပေါ်သည်ထိ လှိုက်လှဲစွာပြုံးပြလေရဲ့..

သူသဘောကျမိတာတစ်ခု..
ဘယ်အချိန်ပဲဖြစ်ဖြစ်ကောင်ငယ်လေးရဲ့ အပြုံးတွေက ကလေးတစ်ယောက်လို ဖြူစင်နေတာလေး..

နီထွေးထွေးနှုတ်ခမ်းပါးဆီ အကြည့်အရောက် သူ စိတ်ပြေလျော့သွားမိတာကြောင့် သက်ပြင်းဖွဖွချလိုက်မိသည်။
လွန်ခဲ့သောအချိန်က ဖြူဖျော့နေသော နှုတ်ခမ်းတို့ထက်စာရင် တော်တော်လေးသက်သာနေပြီမို့.. သူနည်းနည်းတော့ စိတ်ချလို့ရသွားပြီထင်ပါရဲ့လေ..
ဒါတောင် နှာခေါင်းထိပ်လေးက နည်းနည်းရဲရဲလေးဖြစ်ချင်နေသေးတယ်..

အင်္ကျီအဖြူပွပွကြီးထဲမြုပ်နေသော ကောင်ငယ်လေးကတော့ ခပ်ဖွဖွလေးပြုံးနေရင်း အောက်ထပ်ကို လှေကားမှတစ်ဆင့် တစ်ထစ်ချင်းစီ ဖြေးဖြေးချင်းဆင်းနေလေရဲ့..

'....'

အချိန်မရွေး ယိုင်လဲကျတော့မလိုဖြစ်နေသော ကောင်ငယ်လေးကြောင့် သူကောင်ငယ်လေးရဲ့ပုခုံးနှစ်ဖက်တို့အား ခပ်ဖွဖွလေးထိန်းပေးထားမိသည်။ ကောင်လေးကတော့ လှေကားပေါ်မှာ ရပ်တန့်သွားရင်းသူ့ကို မျက်လုံးဝိုင်းဝိုင်းများနဲ့ မော့ကြည့်လာလေတယ်..

Boku No Random BL(OC)[completed]Where stories live. Discover now