Random 27.1 သံသယ

1.4K 123 29
                                    

》》》》》Author's note desuO(≧▽≦)O

 ဟိုလေ.. random 26 ကနှစ်ပိုင်းခွဲထားပါတယ်နော် ကလေးတွေမမြင်လောက်ဘူးထင်လို့ author's note တေအရှည်ကြီးခံပြီး ကလေးတေကိုနောက်ထားတာ အဲ့နောက်မှာအရှည်ကြီး ဒိတ်ပေးထားတာရယ် အခုတော့ AN လေးပြန်ဖျက်ထားလိုက်ပြီ hee~ ヾ(@^▽^@)ノ

Ahem.. ဒီအပိုင်းမှာတော့ ဘေးမှာခေါင်းအုံးလေးတေဆောင်ထားဖို့
အကြုံပေးချင်ပါတယ်လို့ (^・ω・^ )

Voteတေ မန့်တေပေးတဲ့ ကလေးတေလည်း arigatougozai masuu^^

Thanks for support!!  ヾ(@^▽^@)ノ
Yuki Sempai~

》》》》》》》》》》》》》》》》》》》》》
ရှင်းက ကောင်းကင်ကြီးကိုမော့ကြည့်ရင်း သဘောကျစွာ ပြောပြနေသည်။

'ကြည့်ရင်း.. ကြည့်ရင်းနဲ့လေ..'

'ကျွန်တော်ခံစားရတယ် ကြယ်လေးတွေက အရမ်းပဲတောက်လာပြီးတော့လေ..'

"ကြယ်တွေအများကြီးကြားထဲ ရပ်နေရသလိုခံစားရတယ်"

စကားချင်းတူသွားတာကြောင့် ရှင်းမျက်ဝန်းပြာလေးများ ဖျတ်ခနဲလှုပ်ခတ်သွားကြသည်။ သူ့ကိုခဏလောက်ငေးကြည့်နေပြီးမှ ရှင်းခေါင်းငုံ့ချရင်း ခပ်တိုးတိုးရယ်မောလာလေရဲ့..

သူ ပြုံးမိသွားရင်း ရှင်း၏ခေါင်းလေးကိုပုတ်ပေးရန် လက်လှမ်းမိသည်။နူးညံ့သောဆံပင်တို့အား ထိတွေ့မိချိန် ကောင်လေးကအံ့ဩသွားဟန် ဖြေးဖြေးချင်းမော့ကြည့်လာသည်။
သူ့လက်ကို လက်လေးနှစ်ဖက်နှင့် ဖွဖွလေးဆုပ်ကိုင်ထားရင်း မျက်ဝန်းလေးတွေမှိတ်ကျသွားသည်ထိ သဘောကျစွာပြုံးနေလေရဲ့..

"ကိုကို.. ဒီနေရာကို သဘောကျလားဟင်"

ခပ်တိုးတိုးမေးလာသောကောင်ငယ်လေးအား သူမင်သက်စွာငေးကြည့်နေမိသည်။ သူ့လက်အောက်မှ ဆံနွယ်တို့မှာ အနက်ရောင်မဟုတ်တော့..

"..seka.."

ဝါဖျော့ဖျော့ဆံပင်ပွပွလေးတွေနဲ့ သူ့ကိုတောက်ပစွာ ပြုံးပြနေသောကလေးငယ်ရယ်..
ပတ်ပတ်လည်မှာ ကြယ်ပင်လယ်အား လက်ညိုးလေးထိုးပြရင်း သူအင်္ကျီအနားစကိုကျန်လက်လေးက ဆွဲထားသည်။

"ကိုကို.. ကြယ်တွေအများကြီးကြားထဲရပ်နေသလို ခံစားရတယ်မို့လား.. seka သိတယ်.. ကိုကိုသဘောကျမယ်ဆိုတာ hee~"

Boku No Random BL(OC)[completed]Where stories live. Discover now