Random 2 သိမြင်လာသော

8.5K 505 3
                                    

》》》》》》2018, June

ကျွန်တော် သူမကိုစိတ်ပူစွာကြည့်နေမိသည်။

နှင်းက အခုထိအငိုမရပ်သေး...
တချက်တချက် ရှိုက်သည်။

'နှင်း...'

ကျွန်တော်သူမကို ညင်သာစွာခေါ်မိတော့ သူမက ကျွန်တော့်အင်္ကျီကို တိုး၍ ဆုပ်ကိုင်လာလေတယ်...

'ကြောက်နေခဲ့တာလား..'

သူမ ပြန်မဖြေ..
သူမခေါင်းလေးကတော့ ကျွန်တော့်ရင်ခွင်ထဲကို  ပိုမိုတိုးဝင်လာသည်။

ကျွန်တော်သူမရဲ့ ခေါင်းလေးကို အသာပုတ်ပေးမိသော်လည်း ပုတ်ပေးနေကျလိုမဟုတ်ဘဲ မတူညီတဲ့အထိအတွေ့ကြောင့် မင်သက်သွားမိရင်း.. မယုံနိုင်စွာ..

ဘာလို့လဲ..

ဘာလို့တမျိုးကြီးဖြစ်နေရတာလဲ...

ရနေကြ ရနံ့သင်းသင်းလေးနဲ့လည်း ခုမှမရတော့သလို..

ကျွန်တော်နဲ့ စိမ်းသက်နေတဲ့ ရနံတစ်ခုကြောင့် မင်သက်နေမိရင်း..
နှလုံးသားတစ်နေရာတွင်လည်း ကျွန်တော်သဘောကျမိတဲ့ ရနံသင်းသင်းလေးအား တောင့်တနေမိသည်ကိုတော့ ကျွန်တော်ဝန်ခံရမည်။

ကျွန်တော်က နှင်းကလွဲ၍ ဘယ်သူ့ရဲ့ရနံကိုများ သဘောကျနေမိတာလဲလေ..

ဆံပင်သားတွေကလည်း တမျိုးဖြစ်နေသလိုပဲ...

ဘာလို့လဲ..

မျက်လုံးများကို အသာအယာမှိတ်ချလိုက်မိတော့ မျက်လုံးထဲချက်ချင်း မြင်ယောင်လာတာက ပွယောင်းယောင်းနဲ့ အနက်ရောင်ဆံပင်လေးတွေ..

ကျွန်တော်မျက်လုံးများကို ပြန်ဖွင့်ကြည့်မိသည်။

မျက်လုံးရှေ့တည့်တည့်မြင်လာသည်က နှင်းရဲ့ ရွှေဝါရောင်ဆံနွယ်ခွေတွေ....
နှင်းက ရွှေဝါရောင်ဆံနွယ်တွေရှိတာလား..
နူးညံ့တဲ့ အနက်ရောင် ဆံပင်ပွပွလေးတွေကရော..

ကျွန်တော်ဆံပင်လေးတွေကို လက်ချောင်းတို့နှင့် အသာထိုးဖွကြည့်မိသည်။

ခံစားမှုချင်းမတူ...

ဒါဆိုရင် ကျွန်တော်ပုတ်ပေးနေကျ အနက်ရောင်ဆံပင်ပွပွလေးတွေက ဘယ်သူပိုင်ဆိုင်တာတဲ့လဲ...

Boku No Random BL(OC)[completed]Where stories live. Discover now