Random 30.3 ကြောင့်ကြခြင်း

2K 124 29
                                    

》》》》》A/N
952 Words desuu(‘•̀ ▽ •́ )φ
Here is another chapter for reader-chan (੭•̀ω•́)੭̸*✩⁺˚

ညက အရမ်းပဲအိပ်ချင်သွားလို့ တဝက်ပဲ edit ပြီးတင်လိုက်ရတာψ(。。)
(I'm so sleepy now~ 。・゚゚・(>д<)・゚゚・。)

ဒါပြီးရင် ending ပဲကျန်တော့တယ် yay~
Ne Ne~ Ending ကိုခန့်မှန်းကြည့်ကြပါလား? ( ノ^ω^)ノ゚

Arigatou for support desuu!! |ω・)و ̑̑༉
~Yuki Sempai~
.
.
.
.
.
.
.
.
.
》》》》》》》》

*smash*

ကျွန်းတံခါးချပ်ကြီးဟာ ဝုန်းခနဲ ပွင့်လာပြီးနောက် အဝမှာ မောဟိုက်စွာရပ်နေခဲ့သူ..
မဟာအိမ်တော်ရဲ့ ဒုတိယသခင်လေး ဘုန်းစစ်မဟာ..

အမြန်ပြေးလာရသည့်အတွက် မောဟိုက်စွာအသက်ရှူနေခဲ့ရင်း နီရဲနေသောမျက်ဝန်းတွေဟာ အဖြူရောင်အခန်းကျယ်ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း တစ်ခုခုကိုရှာဖွေနေသလို..

မတ်တပ်ရပ်နေသော ကောင်လေးရှေ့ ဒူးထောက်ကာလဲကျနေသော မိန်းကလေးကိုမြင်လေတော့ ချက်ချင်းပဲသူမဆီ ပြေးသွားခဲ့သည်။

"နှင်း!"

သူ့အသံကြားတော့ ချက်ချင်းလှည့်ကြည့်လေသော သူမ.. မီးခိုးရောင်မျက်ဝန်းတို့မှာ စိတ်ပြေလျော့သွားဟန်တို့က အထင်းသား..

နှင်းရယ်.. ဘယ်လောက်တောင်ကြောက်ရွံ့နေခဲ့လို့လဲ..

"ကို.."

ရှိုက်သံစွက်သော တိုးဖျော့ဖျော့ခေါ်သံကြောင့် သူထိတ်ခနဲဖြစ်သွားမိပါသည်။ သူမပါးပြင်ထက်မှ မျက်ရည်စတွေနဲ့..
ကူကယ်ရာမဲ့နေခဲ့တာလား..
လက်နှစ်ဖက်ကို ခပ်တင်းတင်းပွေ့ဖက်ထားခဲ့တာ..

သူမဂါဝန်အဖြူလေးမှ နီဆွေးနေသော သွေးစတို့ကိုမြင်ချိန်တွင်တော့ သူစိတ်တို့လွတ်ထွက်သွားကြသည်။ တကိုယ်လုံးမှာလည်း သွေးတွေပြောင်းပြန်စီးနေသလို..

ဒီလောက်ထိ သွေးတွေထွက်နေတာ..
ဘယ်လောက်ထိများ နာကျင်ခဲ့ရလို့..

သူမရှေ့တွင် ရပ်နေခဲ့သောရှင်းကို တွန်းဖယ်ပစ်ရင်း ငိုရှိုက်နေခဲ့သောသူမကို ထွေးပွေ့လိုက်မိသည်။ တုန်ယင်နေသော သူမကိုယ်လေးကို အညင်သာဆုံးထွေးပွေ့ထားမိလျက်..

Boku No Random BL(OC)[completed]Where stories live. Discover now