Random 25.5

1.2K 103 19
                                    

》》》》》》2018,March

'..ရှင်းရော?'

စာရွက်များပြည့်နေသော အလုပ်စားပွဲဘက်သာမျက်နှာမူရင်း ခပ်တိုးတိုးမေးလာသောဒုတိယသခင်လေးကြောင့် အိမ်တော်ထိန်းရပ်တန့်သွားမိသည်။ သခင်လေးအတွက်ယူလာပေးသော black coffee ခွက်အား စားပွဲပေါ်နေရာတကျတင်ပေးလိုက်ပြီး ခါးညွတ်၍အရိုအသေပေးလိုက်သည်။

'ရှင်းက သူ့သူငယ်ချင်းနဲ့ စာအတူတူလုပ်ဖို့သွားပါတယ် သခင်လေး'

အိမ်တော်ထိန်း၏ စကားများကြောင့် ရှင်းတို့ကျောင်းသားတွေ စာမေးပွဲအတွက်ပြင်ဆင်နေရသည်ကို သူပြန်သတိရလာရသည်။ စာမေးပွဲတွေနီးလာတာကြောင့် အခုတစ်လအတွင်းလည်း ညနေဘက်တွေဆို ရှင်းတစ်ယောက် စာကျက်ဝိုင်းတွေတက်ပြီး နောက်ကျမှ ပြန်လာတတ်တာ..

'အခုက ညဘက်ဆိုတော့.. ရှင်းဘယ်လိုပြန်လာမှာလဲ?'

'ဟုတ်ကဲ့.. ရှင်းက သူငယ်ချင်းအိမ်မှာပဲ ညအိပ်မှာပါ.. စာမေးပွဲနီးလာတာမို့လို့ ပထမသခင်လေးက ခွင့်ပြုထားတာပါ သခင်လေး'

'အာ.. အဲ့လိုလား.. မင်း.. သွားလို့ရပြီ'

'သခင်လေး..ဒါဆို.. ကျွန်တော့်ကို ခွင့်ပြုပါဦး'

သူခေါင်းတစ်ချက်ညိတ်ပြလိုက်တော့ အိမ်တော်ထိန်းက ခါးညွတ်၍အရိုအသေပေးရင်း အခန်းထဲမှထွက်ခွာသွားသည်။ တစ်ယောက်တည်းကျန်နေခဲ့သောသူ အလုပ်စားပွဲတွင်ငိုင်နေမိလျက်..
အငွေ့ပါးပါးထွက်နေသော ကော်ဖီခွက်အား သူငေးကြည့်နေမိသည်။

ကုတင်ထက်တွင် စာအုပ်လေးဖတ်ရင်း ငြိမ်ငြိမ်လေးစောင့်နေပေးတတ်သော ကောင်လေးမရှိတာဟာ ဘယ်လောက်ထိအထီးကျန်စေမှန်း သူခုမှသတိထားမိလာသည်။

'.....'

လုပ်လက်စများကိုရပ်ထားရင်း မျက်မှန်ကိုချွတ်လျက် ခုံထက်ကျောကိုမှီချကာ စားပွဲဘေးမှကုတင်ဘက်လှည့်မိသည်။
သူလှည့်လာတိုင်း တောက်ပစွာပြုံးပြတတ်သော မျက်ဝန်းပြာပြာနဲ့ကောင်လေးအား သူမမြင်ရတော့..

ဘာကြောင့်ရယ်မသိ ရင်ဘတ်က အပေါက်ကြီးဖြစ်သွားသလို ဟာတာတာကြီး သူခံစားနေရသည်။
အလုပ်လုပ်နေရင် ရှင်းနဲ့အတူတူရှိနေမှ ပုံမှန်ဖြစ်နေခဲ့တာ..

Boku No Random BL(OC)[completed]Where stories live. Discover now