Random 11

4.3K 229 7
                                    

》》》》》2017,September

*flashback**

"ဒုန်း!!"

"!"

"ဟာ သွားပြီ!!"

မနက်အစောပိုင်း တိတ်ဆိတ်ငြိမ်သက်နေသော အချိန်..
မြူခိုးငွေ့ငွေ့နှင့် လမ်းလေးပေါ်ထက် အသံမျိုးစုံတို့ ဆက်တိုက်ဆိုသလို စီခနဲ ထွက်ပေါ်လာသည်။

လမ်းထက်မှာက အရှိန်သတ်ထားသော ကုန်ပို့ကားအသေးလေးတစ်စီးရယ်..
ထိုကုန်ပို့ကားလေးရှေ့မှာ လဲကျနေသော ကောင်လေးတစ်ယောက်ရယ်..
ပြီးတော့..
ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်နေမိသော ကျွန်တော်ရယ်..

အိပ်ငိုက်နေတဲ့မျက်လုံးတွေဆိုတာ ချက်ချင်းပြူးကျယ်သွားတာ..

ကုန်ပို့ကားပေါ်က ကားသမားက ကားပြတင်းပေါက်မှ တစ်ချက်ခေါင်းပြူကာ လဲကျနေသော ကောင်လေးကို အသဲအသန်စိုက်ကြည့်နေသည်။

'သွားပြီကွာ.. သေသွားပြီလားမသိဘူး'

ကားသမား၏ စိတ်ညစ်ညူးစွာ ရေရွတ်သံ..
သူမျက်နှာတစ်ခုလုံးကလည်း ပြိုတော့မည့်မိုးလို မဲမှောင်သွားလေသည်။

လဲကျနေသော ကောင်လေး၏ ခေါင်းနားမှ သွေးကွက်ကို မြင်သွားချိန် ကားသမား၏ မျက်လုံးများပြူးကျယ်သွားကာ ထိတ်လန့်ခြောက်ခြားလျက်..

'....'

ထိတ်လည်းထိတ်လန့်သင့်ပါသည်။

ဆေးရုံစရိတ်က ဈေးကြီးတယ်မို့လား..
သူ့ဘဝက စားဖို့တောင်အနိုင်နိုင်.. တစ်နေ့လုပ်မှ တစ်နေ့စားရတာ..
အဲ့တာကို အခုလိုမတော်တဆတွေဖြစ်ကုန်တော့ သူမှခေါင်းမကြီး ဘယ်သူကြီးမလဲ..

ပိုက်ဆံအိတ်ပါးပါးလှပ်လှပ်လေးကို အသာဖွင့်ကြည့်မိတော့ မျက်နှာလေး ဆီးရွက်လောက်ငယ်သွားသည်။
သူ့မှာ လျော်စရာငွေ အလုံအလောက်မရှိ..
Jail အောင်းရမည့် နမိတ်တွေ အလျိုလျိုမြင်နေရသည်။

ဘုရား...ဘုရား..

သူဘေးဘီဝဲယာကို ငဲ့စောင်းကာ လှည့်ပတ်ကြည့်လိုက်သည်။
မနက်စောစောဆိုတော့ လူခြေတိတ်လျက်..
လမ်းလျှောက်ထွက်တဲ့သူတွေဆိုတာလည်း ဒီထက်နည်းနည်း နောက်ကျမှထွက်လေ့ရှိတာ..

Boku No Random BL(OC)[completed]Where stories live. Discover now