Part3 (Destiny Make We Meet)

4.7K 464 10
                                    

" သားငယ် အခုတေလာ Kai
တို့ဆီ နေ့တိုင်းသွားနေတယ်နော် ''

Chanyeolရဲ့အဝတ်တွေကို မွေ့ယာပေါ်မှာ
ထိုင်ခေါက်ပေးနေရင်း ပြောလာတဲ့ မေမေ့
ကြောင့် ညဝတ် အကျီလဲနေတဲ့ Chanyeolရဲ့ လက်တို့ တွန့်သွားတယ်

မဝံ့မရဲ မေမေ့မျက်နှာကို ကြည့်ပြီး

" ဟို...အဲ့ဒါကလေ
မေမေ ''

" ရည်းစားရနေပြီလား သား ''

မေမေ ..ကိုယ့်ကို ရည်ကျဲကျဲလေးနဲ့
မေးလာတော့ နေရခက်စွာ...ခေါင်းလေး
ကုပ်လျက် သွားအဖြီးသားဖြစ်နေတဲ့
Chanyeol

" မဟုတ်ပါဘူး မေမေရဲ့ ''

မေမေ့နားကပ်ထိုင်လိုက်ရင်းပြောတော့
ကိုယ့်ရဲ့ခေါင်းလေးကို ဆွဲဖွရင်း မေမေရယ်တယ်။

" သားငယ်ရဲ့ အချစ်ရေး ကိစ္စမှာ
မေမေ မချုပ်ချယ်ဘူးဆိုတာ
သားသိတယ်မလား? "

"ဟုတ် ...မေမေ ''

"သားရွေးချယ်တဲ့သူက မိန်းကလေး
မဟုတ်တောင်၊ သားငယ် ချစ်တဲ့သူဆို
.... မေမေကလည်း ထပ်တူချစ်ပေးမယ်ဆိုတာသိထားပေး''

မေမေပြောတဲ့စကားတွေကြောင့် Chanyeol
မျက်ရည်တွေပါ ဝဲတက်လာတယ်၊ မေမေ့ကိုဖက်ရင်း ကျေးဇူးတင်စကားဆိုမိတယ်။

ကျွန်တော်ချစ်တဲ့သူက မိန်းကလေးမဟုတ်ဘဲ ၊ယောက်ျားလေးဆိုတာတောင် မေမေက လက်ခံပေးမယ်တဲ့လေ.....၊
ကျေးဇူးတင်ပါတယ်မေမေ....
ဒီကမ္ဘာမှာ မေမေသာ သားကို
အရာရာတိုင်းနားလည်ပေးနိုင်ဆုံးပါ။

"Saranghae... Ommar ''

**************PCY**************

" Yarrr!! Kim Kai! !!
ငါ့ Bubble Tea ပြန်ပေး!!ဟျောင့်!!! "

တစ်ကျောင်းလုံးမှာသူတစ်ယောက်တည်းရှိသလို
အာပြဲအောင်အော်ဟစ်နေတဲ့ Sehunကြောင့်
ဘေးနားကလူတွေ နားနှစ်ဖက်လုံး ပိတ်ထားရတဲ့အဖြစ်၊

" Kai ya...ပေးလိုက်ပါကွာ
သူများတွေကို အားနာစရာကြီး ''

ပတ်ပြေးနေတဲ့ နှစ်ကောင်ကြား လိုက်ဆဲ
နေရတဲ့ Chanyeol.....
အခုလိုတွေ ထသောင်းကျန်းမှာဆိုး
လို့ တစ်ယောက်တစ်ဘူးဆီ
ဝယ်ပေးထားတာတောင်မရ.....

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Unde poveștirile trăiesc. Descoperă acum