Part 15 ( Final Part 2 )

3.2K 353 27
                                    


BG Music - FOR YOU ( CBX )

****************************
ကိုရီးယားနိုင်ငံ၏ တက္ကသိုလ်
ကျောင်းအသီးသီးမှ နိုင်ငံ့ဂုဏ်ဆောင်
ထူးချွန်သည့် ဆုချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်လာကြသည့် ခန်းမထဲမှာတော့ ဧည့်ပရိတ်သတ်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူတို့ ဖြင့် ကြီးကျယ်ခမ်းနားလျက်ရှိနေသည်။

" English Majorမှ
နိုင်ငံ့ဂုဏ်ဆောင်၊ အထူးချွန်ဆုံးဆုနှင့်
ဒု ပါမောက္ခ ရာထူးအား ဆရာByun
Baekhyun မှ ဆုလက်ခံပေးပါရန်...စင်မြင့်ထက်သို့လေးစားစွာ
ဖိတ်ကြားအပ်ပါသည် ခင်ဗျာ.."

လျှောက်လမ်းမထက်...
လေးစားမှု၊ဂုဏ်ယူမှုများနှင့် ခန်းမထဲမှာရှိကြတဲ့ ဧည့်ပရိတ်သတ်အားလုံး၏ လက်ခုပ်သြဘာ သံများ၊ သောင်းသောင်းဖျဖျ ကြိုဆိုလျက်ရှိနေသည့် ဒီနေ့၊ဒီအချိန်၊ဒီနေရာလေးမှာတော့...၅နှစ်တာကာလမှာ မနားတမ်းကြိုးစားမှုများသည် အရာထင်ခဲ့ပြီဖြစ်သလို၊ အားလုံး ရှေ့မှာမားမား
မတ်မတ် ရပ်တည်နိုင်ခဲ့ပြီလည်းဖြစ်သည်။

ဆုတက်ယူစဉ် ...မိခင်ဖြစ်သူ၏ ဂုဏ်ယူမှုနှင့် ညီဖြစ်သူရဲ့ဝင့်ကြွားမှုတို့ကိုကြည့်ကာ
Eng Majorမှာစာသင်အကောင်းဆုံးဆုနှင့်
ဒု-ပါမောက္ခနေရာကိုပါ တက်လှမ်းနိုင်ခဲ့တဲ့အတွက် တကယ်ကို..ကျေနပ်မိပါသည်။

အခုဆို.....

အရင်လို အိမ်ငှါးဘဝကနေ၊အိမ်ပိုင်အဖြစ်
မေမေနဲ့ညီကို အိမ်ကောင်းကောင်းမှာ
ထားနိုင်ခဲ့ပြီဖြစ်သလို...

ချိုးနှိမ်ခံခဲ့ရသည့် ဘဝမှ အခုလို
ရပ်တည်နိုင်ခဲ့တဲ့အတွက်လည်း
ဂုဏ်ယူမိသည်။

အဓိကကတော့
မေမေ့ကို ... စိတ်ချမ်းသာအောင်
ထားနိုင်ခဲ့ခြင်းက...ကျွန်တော်ကြိုးစား
ရကျိုးနပ်ခဲ့ပြီလေ~

သို့ပင်မယ့်လို့.....

အောင်မြင်မှုတွေနဲ့ဘေးနားမှာ
လူတွေအများကြီးရှိနေခဲ့သော်လည်း
အထီးကျန်မှုကိုတော့ ဘယ်သူမှ
မမြင်နိုင်ခဲ့ကြသလို

နှလုံးသား... တစ်ခုလုံး
လစ်လပ်သွားခဲ့တာ အခုဆို
၅နှစ်တောင်ပြည့်ခဲ့ပါပြီ။

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး حيث تعيش القصص. اكتشف الآن