Final

3.5K 323 20
                                    

BG Music - A Thousand Years

* * * * * * * * * * * * * * * * * * * * *

"ကိုယ်နဲ့စကားပြောချိန် မင်းရဲ့ရယ်သံ လေးတွေက မနေ့ကဖြစ်ခဲ့သလိုပဲ
ကိုယ်အားလုံးကို မှတ်မိနေတယ်။
စကြာဝဠာကြီးက ကိုယ့်ကို
မင်းအကြောင်းတွေ ပြောပြဖို့
ကြိုးစားနေသလို ကိုယ်ခံစား
နေရတယ်။ကိုယ်တို့က ဘာလို့
နီးရက်နဲ့ဝေးနေရတာလဲ??
မင်းနဲ့ကိုယ် ဘယ်တော့မှတွေ့ရမှာလဲ? "

* * * * * * * * * * * * * * * * * * * *

" ရှာနေတဲ့နာမည်က..ဒီဆေးရုံရဲ့
မှတ်တမ်းမှာ မရှိပါဘူးရှင်၊
စိတ်မကောင်းပါဘူး "

ပြင်သစ်ကို ရောက်ရောက်ချင်း ...
ရှိသမျှ ဆေးရုံတိုင်း လိုက်ပြီးမေးနေတာ
အခုထက်ထိ Park Chanyeolဆိုသည့်
နာမည် ကိုရှာလို့မတွေ့သေးပေ။

ကိုရီးယားဆေးရုံကနေ... ပြင်သစ်ဆေးရုံကိုရွှေ့ပြောင်းပေးလိုက်တဲ့ ဆရာဝန်ကိုယ်တိုင်ဆီ နေရာနဲ့ဆေးရုံနာမည်ကို သေချာမေးခဲ့တာတောင် လွန်ခဲ့တဲ့ ၅နှစ်ကရော၊အခုထက်ထိပါ သူ့နာမည်နဲ့တူတဲ့သူ
တစ်ယောက်မှ မရှိပါဘူးတဲ့လေ ။

နာရီပေါင်းများစွာ လေယာဉ် စီးလာခဲ့
ရသည့်အပြင် ၊ သူ့ကိုတွေ့ရတော့မည်ဆိုတဲ့
စိတ်နဲ့ အနားတောင်မယူနိုင်ပဲ လိုက်ရှာခဲ့တာဒါပင်မယ့်....ရသည့်ရလဒ်က😔

တင်းထားခဲ့သမျှစိတ်တွေ
ယိုင်နဲ့ချင်လာသည် ။

ပြင်သစ်ဆိုတဲ့ ဒီနိုင်ငံမှာ
သူရော ရှိနေခဲ့ရဲ့လား??
မသေချာတော့ပါ။

တနေကုန် ပြေးလွှားထားရတာ
ည ၁၂နာရီတောင်ထိုးနေပြီဖြစ်သလို
မနက်ဖြန်လည်း အစည်းအဝေးရှိသည်မို့
အနားယူမှရတော့မည်။

တကယ်ကို ကျွန်တော်
ပင်ပန်းနေပါပြီလေ။

အိပ်ယာထက် မျက်ရည်တစ်စက်
ပေါက်ခနဲကျသွားကာ....

ကျွန်တော်တို့ ဘယ်လောက်ထိများ
ဝေးကြရဦးမှာလဲဟင်??

၅နှစ်တာ ခွဲခွာမှုနဲ့တင် မလုံလောက်
သေးဘူး ထင်ပါတယ်။

ဒါပင်မယ့်....

ကျွန်တော် ဆက်ရှာဦးမည် ။
သူ့ကို မတွေ့မချင်း ၊ ပြင်သစ်မှာ
နေတဲ့၅ရက်လုံးလုံး လိုက်ရှာနေဦးမည်။

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Wo Geschichten leben. Entdecke jetzt