Part 12 (Missing Two)

3K 279 33
                                    

၃ရက်မြောက်နေ့ ရှိပြီဖြစ်တဲ့ ကားနံပါတ် 6104 ကားပိုင်ရှင်ကို အခုချိန်ထိ ရဲတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခြင်းမရှိသေးပေ။

ကားပိုင်ရှင်နှင့်အတူ အမျိုးသားတစ်ဦးပါ
ပါဝင်သည်ကိုလည်း နမ့်ဆန်းတာဝါ မီးပွိင့်၏Cctvမှ သတင်းရရှိထားခြင်းဖြစ်သည်။

အခုချိန်ထိ နှစ်ယောက်စလုံးကို
ရှာဖွေတွေ့ရှိခြင်းမရှိသေးတဲ့အပြင်
ကားခေါင်းတစ်ခုလုံးက ကားတိုက်ခံထားရလို့ စုတ်ပြတ်သတ်နေသည်။

ကားမောင်းသည့်ဘက်ခြမ်းမှ ပို၍
ပျက်စီးထားသည်မို့ မောင်းသူ
ဘက်မှ လူက သေနိုင်ခြေ ၈၈%လောက်
ရှိသည်ဟု လေ့လာတွေ့ရှိချက်အရ
သတင်းထုတ်ပြန်ထားသည်။

သွေးကွက်တစ်ချို ့နှင့် ကားတံခါးပွင့်လျှက်သာကျန်ရှိခဲ့သည့်အပြင် သေသည် ရှင်သည် မသိရပဲလူနှစ်ဦးပျောက်ဆုံးနေခဲ့တာမို့ ကာယံကံရှင် မိသားစုဝင်များ၏ပူဆွေးသောကတွေကို ကိုရီယားတစ်နိုင်ငံလုံးမှ ထပ်တူ ဝမ်းနည်းခဲ့ကြသလို

ကိုရီးယားChannelလိုင်းမှလည်း ထိုသတင်းတစ်ခုလုံးက Trendingအဖြစ်ခဲ့ဆုံးဖြစ်ပြီး အားလုံးကလည်း ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။

ယခုအချိန်ထိတော့ ...
မည်သည့်သဲလွန်စမှ မတွေ့ရတဲ့အပြင်
နှစ်ယောက်လုံးကလည်း ပျောက်ဆုံးနေဆဲပင်ဖြစ်သည်။

* * *

" ကောင်းကင်ကကြယ်
လေးတွေကသိပ်လှတာပဲနော် ''

" ကိုယ်တော့အဲ့လိုမထင်ပါဘူး ''

ဟန်မြစ်ဘေး ထိုင်နေရင်း
နှစ်ယောက်လုံး စကားတွေ
ပြောနေကြခြင်းပင်ဖြစ်သည်။

" ဘာလို့လဲ? "

" သူတို့က ကလေးရဲ့အပြုံးတဝက်လောက်
တောင် လှမှမလှပဲ "

" ပိုပါပြီဗျာ ''

" မယုံဘူးပေါ့?? "

ဒီလောက် မယုံချင်တဲ့
ကောင်လေးရဲ့ နဖူးပြင်လေးအား
အနမ်းတို့ခြွေချလိုက်သည်~

" 😳Arr... Yeol...! "

မထင်မှတ်ထားတဲ့ သူ့ရဲ့အပြုအမူကြောင့်
Baekhyun မျက်လုံးတို့ပြူးသွားရ
သည်။

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Where stories live. Discover now