Part 11(You are My LodeStar)

3.1K 322 17
                                    

" MinNo ငါ့လက်ကိုလွှတ်လို့
ပြောနေတယ်နော်!! "

စာသင်ပြီး ပြန်လာတဲ့အချိန်
လမ်းမအလယ်မှာ Baekhyunကို လိုက်နှောက်ယှက်နေခြင်းဖြစ်သည်။

မိုးချုပ်နေပြီဖြစ်တာမို့ လူသူကင်းရှင်းနေ၍
အကူအညီပင်ကင်းမဲ့နေသည်။

" ဘာလို့လဲ သူငယ်ချင်းကလည်း?? "

"မင်းနဲ့ ငါသူငယ်ချင်းမဟုတ်ဘူး! ''

"အေးပေါ့....သူငယ်ချင်းဘယ်ဟုတ်မလဲ?
မင်းအဖေက ငါ့အမေကိုယူလိုက်တော့
ငါတို့က ညီအကိုတော်တာပေါ့နော်
ဟား.....ဟား ''

" မင်းပါးစပ်ပိတ်ပြီး
ငါ့လက်ကိုလွှတ်လို့ပြောနေတယ်နော်! "

လက်ကိုဆွဲထားတဲ့ ...သူ့လက်ကနေ ရအောင်ရုန်းနေပင်မယ့်
သူ့ဘက်ကအတင်းချုပ်ကိုင်ထားတာကြောင့်
Baekhyunဘယ်လိုမှရုန်းမရပေ။

"ဘာလို့လဲ??မင်းအဖေပြောတာတော့
မင်းကယောက်ကျားကြိုက်တာဆို??
လက်လေးကိုင်တာ ဘာဖြစ်လဲ? "

လူကို ကိုယ်ထိလက်ရောက်စော်ကားနေတဲ့အပြင် လူတစ်ယောက်ရဲ့Privacyကိုလာချိုးနှိမ်နေတဲ့သူ့ကို Baekhyun..ဘယ်လိုမှသည်းခံနိုင်စွမ်းမရှိတော့ပါ။
အရင်က ဘယ်လောက်ခင်ခဲ့တဲ့သူငယ်ချင်းပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုချိန်မှာ သူနဲ့ကိုယ်ဟာ
သူစိမ်းပဲ!!တနည်းအားဖြင့် ရန်သူပဲ!!!

Baekhyun ရှိသမျှအားနဲ့ လက်ကိုအတင်းရုန်းပြီးသူ့မျက်နှာကို လက်သီးနဲ့ထိုးချလိုက်သည်။

မှတ်ထား MinNo! !အဲ့ဒါ
ငါ့ရဲ့ဂုဏ်သိက္ခာကိုစော်ကားလို့ !!

လည်ထွက်သွားတဲ့ သူ့မျက်နှာကို
ကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးမိတယ်။

လောကကြီးက သိပ်ကိုတရားပါတယ်
အားနည်းတဲ့သူကို ထပ်ဖိနှိပ်ချင်ကြတယ်!
လှောင်ပြောင်ချင်ကြတယ်...၊ဟားတိုက်ချင်ကြတယ်။ဒါ သဘာဝပဲ!!ဒါပင်မယ့် တစ်ခုတော့ရှိတယ်Byun Baekhyunဆိုတဲ့ငါ့ကိုတော့ ဒီလိုလာလုပ်လို့မရဘူးဆိုတာ
မြဲမြဲမှတ်ထား!!

သွေးထွက်သွားတဲ့နှုတ်ခမ်းထောင့်နားကို
လက်နဲ့ဖိသုတ်ကာ... MinNoရယ်လိုက်သည်။

" ဘာလဲ?? အမှန်ပြောတော့နာသွားတာလား? ''

" ဒီမှာ....တချိန်က ငါ့ရဲ့အဖေ
အခုမင်းပထွေးကိုပြောလိုက်စမ်းပါ
ရှင်းချင်ရင် ငါနဲ့တိုက်ရိုက်လာရှင်းလို့
မလောက်လေးမလောက်စားကောင်တွေ
မလွှတ်နဲ့လို့....အာရုံတွေနောက်တယ် ''

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Where stories live. Discover now