Extra

3K 264 8
                                    

" ရောက်လာပြီ! ရောက်လာပြီ!
Oh God နတ်သားလေးလိုပဲ
ချောလိုက်တာ .....''

" အရင်တုန်းက ဒီကျောင်းမှာ
ပဲတက်ခဲ့တာတဲ့၊ Woo!!
ခန့်ညားလိုက်တာ ''

" ဆရာ..မိတ်ဆက်ပေးဦးနော် ''

"တကယ်တော့... ဆရာနဲ့မလိုက်ဖက်ဘူး
ကျွန်မတို့ကိုပဲပေးလိုက်ပါနော် "

"ဒီလောက်ပြီးပြည့်စုံတဲ့ လူတစ်ယောက်က
ကျွန်မတို့ လက်ထဲမှာပဲရှိသင့်တာပါနော် "

"ဟုတ်တယ်... မိန်းကလေးတွေ
လက်ထဲမှာပဲရှိသင့်တာ "

တစ်ယောက်ထဲ ပစ္စည်းတွေသိမ်းနေရင်း
နှုတ်ခမ်းကိုပဲ အပြစ်ပုံချကာ ဆူထားမိသည်က Baekhyunပင်...။

စနေတယ်ဆိုတာသိပင်မယ့်
တကယ်ကြီး အတည်ပြောနေကြသလိုပဲ။

အခုမှ အသစ်ရောက်လာတဲ့
ကျောင်းဆရာမ လေးတွေကိုပဲ
စိတ်တို ရမလား??

အခန်းအပြင်ဘက်မှာ အားလုံးကိုပြုံးပြ
နှုတ်ဆက်ပြီး ရပ်စောင့်နေတဲ့သူကိုပဲ
ဒေါသထွက်ရမလား...မသိတော့??

ဟန်ပင်မဆောင်နိုင်အောင် အပျက်ပျက်
အယွင်းယွင်းဖြစ်နေတဲ့ Baekhyunရဲ့
မျက်နှာကို ကြည့်ကာ ဆရာ၊ဆရာမများနှင့်
Xiumin Hyungတို့ ကြိတ်ကာ
ရယ်ကြရသည်။

နှစ်ပေါင်းများစွာ ခွဲခွာခဲ့ကြရတဲ့
သူတို့ရဲ့ချစ်သူနှစ်ယောက်ရဲ့
ချစ်ခြင်းတရားတွေက ဘယ်လောက်ထိနက်ရှိုင်းလဲဆိုတာ အားလုံးကသိထားကြပြီးသားပါ။

ချစ်သူနှစ်ယောက် အတူတူ ပြန်လည်
ပေါင်းစုံခွင့်ရခဲ့တဲ့ videoလေးကို
Instagram liveကနေတဆင့်
ကြည့်ခွင့်ရခဲ့တုန်းက အားလုံး
ဝမ်းသာလွန်းလို့ မျက်ရည်တို့ပင်စို့
ခဲ့ကြရသည်ဆိုတာ အားလုံးအသိပင်။

ဒါကို အကုန်လုံးကလည်း
အရမ်းချစ်ကြလို့ စနောက်နေကြခြင်း
ဖြစ်သည်လေ။

"ကဲ...စတာလေးတွေရပ်ကြဟေ့
တော်ကြာ နှုတ်ခမ်းကြီးနဲ့လာ
ထိုးမိနေမှဖြင့်! 😀 "

" Hyung!! "

"ဟားဟား.....''

အပြင်ကို နှုတ်ခမ်းကြီးဆူလျက်ထွက်သွား
ပြီဖြစ်တဲ့Baekhyun.

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Nơi câu chuyện tồn tại. Hãy khám phá bây giờ