Part9 ( I Accept You)

3.1K 350 18
                                    

အသက်ရှူမှားသွားသည်ထက်ပို၍
စိတ်ထဲတို့တွင် တင်းကျပ်
ပူလောင်လို့ နေသည်....။

တချိန်ချိန်မှာ အခုလိုဖြစ်လာမယ်ဆိုတာ
သိနေပင်မယ့် တကယ့်လက်တွေ့မှာ
ထင်တာထက်ပိုပြီး ခက်ခဲနေသည်။

မျှော်လင့်ချက်မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့သူ့ကိုထပ်ပြီး ရင်မဆိုင်ရဲစွာ သူ့ရဲ့အကြည့်တို့အားရှောင်လွှဲပစ်လိုက်ရသည်။

အရာရာတိုင်းကိုပြတ်သားခဲ့တဲ့ကျွန်တော်
အခုမှ ချီတုံချတုံဖြစ်နေသည်မှာ ကျွန်တော်
မဟုတ်တော့တဲ့အတိုင်းပင်။

"ကိုယ့်ကို တစ်ခုခုပြောပါဦးBaek ''

Baekhyunထံမှ မည်သည့်အသံမှ
ထွက်မလာ ငြိမ်သက်လို့နေသောကြောင့်
Chanyeolမေးလာခြင်းဖြစ်သည်။

"Baekအတွက် ထူးဆန်းသလိုဖြစ်သွားမယ်
ဆိုတာလည်း ကိုယ်သိပါတယ်။
အရမ်းကိုမိုက်ရူးရဲဆန်နေမယ်ဆိုတာလည်း
ကိုယ်နားလည်ပါတယ်။ ဒါပင့်မယ့်
ကိုယ်..ဒီနေ့ ၊ဒီအချိန်ကို ရောက်ဖို့
စောင့်နေခဲ့ရတာကြာပါပြီ၊ ကိုယ့်ဘဝမှာ
မင်းက မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားချစ်ရတဲ့သူပါ။ကိုယ်ကတိပေးတယ် ..ကိုယ် အသက်ရှင်နေသရွေ့ကာလပတ်လုံး Baekhyun ကိုပဲ မြတ်နိုး
စွာချစ်သွားပါ့မယ်။ ဒါကြောင့်ကိုယ့်ရဲ့
အချစ်ကို အသိမှတ်ပြုပေးပါနော် ''

Baekhyun ခေါင်းတွေဗြောင်းဆန်အောင် ခါနေပင်မယ့် တကယ့်အပြင်မှာတော့
ငြိမ်သက်လျှက်ပင်

မရဘူး...ဒီလိုဖြစ်ခွင့်မပေးဘူး!!
အခုလိုနေ့မျိုးရောက်လာမယ်
ဆိုတာ သိခဲ့ပင်မယ့် ဒီလောက်ထိ
မြန်ဆန်လိမ့်မယ်မထင်ထားဘူး

"ကျွန်တော်..... ''

ပြောမည့်စကားတို့က လည်ချောင်းတို့၌
တစ်ဆို့နေသည် ၊ ပြတ်သားစွာပြောမှရမည်
Chanyeol ကို မျှော်လင့်ချက်တို့မပေးချင်ပါ

Gayတွေကိုလက်ခံနိုင်ပင်မယ့်
ကျွန်တော်ယောက်ျားအချင်းချင်းမချစ်ပါ။
Chanyeolကို အကိုတစ်ယောက်အဖြစ်၊
တပည့်တစ်ယောက်အဖြစ်ပဲ သူခင်သည်။

သူနဲ့ရှိနေရင် ပျော်ရွင်ရသလို၊
လုံခြုံသလိုပါခံစားရသည်ဆိုပင်မယ့်
ဒါဟာ ကျွန်တော့ကိုဂရုစိုက်ပေးလို့
ခင်တွယ်မိတာပဲရှိတာ ကျွန်တော်သူ့ကို
မချစ်ပါ။

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Where stories live. Discover now