Part13 ( Tricked )

2.9K 293 50
                                    

နာရီပေါင်းများစွာကြာမြင့်ခဲ့တဲ့
Operationပြီးတဲ့နောက်မှာတော့
လူနာအထူးကြပ်မတ်ဆောင်သီးသန့်
အခန်းကို နေရာရွှေ့ထားပြီးဖြစ်သည်။

နံရိုးသုံးချောင်းကျိုးသွားကာ၊ အတွင်းပိုင်းကသွေးထွက်လွန်မှုကိုသေချာထိန်းချုပ်နိုင်ခဲ့ပြီမို့ ခွဲစိတ်တာအောင်မြင်တယ်လို့ပြောရပေမည်။

အပြင်ပိုင်းက မှန်စိုက်ထားခဲ့တဲ့ ဒဏ်ရာတွေနဲ့နဖူးကွဲထားတာမို့ ၆ချက်ချုပ်လိုက်ရရုံကလွဲရင် မစိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိခဲ့ပြီဖြစ်သည်။

မေ့ဆေးရှိန်ကုန်သွားရင် ပြန်လည်သတိရ
လာမည် ဖြစ်သည်...ဆိုတဲ့ ဆရာဝန်ကြီး
မှာကြားချက်ကြောင့် မိသားစုဝင်ဖြစ်တဲ့သူတွေအားလုံး စိတ်အေးရတော့သည်။

" Hyungကို ဘယ်လိုပြောရမလဲဟင်?
ဒေါ်လေး ''

Sehunနဲ့ Kaiတို့ရဲ့မျက်နှာတွေ
ပျက်ယွင်းနေသည်။

ဆေးရုံကုတင်ပေါ် မေ့မြောနေတဲ့
ဖြူစင်လွန်းတဲ့ သူမသားလေးကို
ကြည့်ပြီး သူမရင်တွေမချိမဆန့်ခံစားရသည်။

သူမရဲ့သား ဒီလိုတွေလုပ်မှာမဟုတ်ဘူးဆိုတာသူမသိပြီးသားပါ။ဒါပင်မယ့်... သားချစ်တယ်ဆိုတဲ့ ကောင်လေးဘက်က အခိုင်အမာပြောဆိုနေကြပြီ ဖြစ်သည်။

" တရားရုံးကို အန်တီတက်ပါ့မယ်။
သားငယ်..သားငယ်လေးကို
အသိမပေးပါရစေနဲ့ကွယ်။
သူ သ​တိပြန်လည်ပြီး သက်သာခါမှ
အသိပေးပါရစေ ''

"ဟုတ်ကဲ့..ကျွန်တော်တို့ဘက်မှလဲ
ယာယံကံရှင်နှစ်ယောက် ဆေးကုသမှုခံယူ
ပြီးမှသာ စစ်ဆေးမေးမြန်းမှာပါ
အခုက ကြိုအသိပေးတာပါ။
ကျွန်တော်တို့ကို သွားခွင့်ပြုပါ ''

"Nae..''

ရဲတွေရဲ့ လာရောက်အသိပေးခြင်း
ခံထားရပြီဖြစ်ပြီး မကြာခင်
သားလေး သက်သာလာတဲ့အချိန်မှာ
သူတို့တွေရုံးထုတ်စစ်ဆေးကြတော့မည်ဖြစ်သည်။

* * * * * * * * * *

" ဘာလို့လဲBaekhyun?
မင်းတို့နှစ်ယောက်က ချစ်သူတွေဆိုတာ
မင်းလည်းသိတယ် ၊ငါတို့လည်း သိတယ်
ဘာလို့လဲ! အကို ဘယ်လိုမှနားမလည်တော့ဘူး ''

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Where stories live. Discover now