Part 6 ( Beautiful Memory)

3.8K 417 19
                                    

"Chanyeol Hyungတို့များ
ဟိုနေ့တွေကရုပ်နဲ့ အခုရုပ်နဲ့များကွာပါ့''

"ဟုတ်ပါ့ကွာ ''

မနက်မိုးလင်းတော့ Tentတွေသိမ်းနေကြရင်း
ဆရာBaekhyunဘေးနား မျက်နှာကြီးပြုံးဖြီး
နေတဲ့ Chanyeol hyungကို ကြည့်ပြီး
အငယ်နှစ်ကောင် မျက်စောင်းတထိုးထိုးနဲ့......

ညကတည်းက Tentတစ်ခုထဲ တူတူအိပ်လိုက်ရတယ်ဆိုပြီး
အခြေအနေတွေတိုးတက်နေတဲ့ ဘဲ ကြီးကိုပဲကြည့်!
ဆရာ့အနားကတောင် တဖွားမှမခွာတော့ဘူး....၊

ဘဲကြီးတို့... နှာခေါင်းမီးတောက် ချက်က
မြန်တာရယ်....😪

* * *

ဒီနေ့က 1st yearကျောင်းသားတွေရဲ့
လေ့လာရေးခရီးစဉ်နောက်ဆုံးနေ့ဖြစ်သည်
ပထမနှစ်ရက်လုံးလုံး ပင်ပန်းခဲ့သမျှ
ဒီနေ့တော့ အတိုးခ် လွတ်လွတ်လပ်လပ်
တနေကုန်ပျော်ကြမယ့်နေ့မို့
ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး
ကစားကွင်းရှိရာ.... ဦးတည်ကာ
သွားကြနေခြင်းဖြစ်၏။

" ငါ ရေပူပေါင်းစီးမှာနော် ''

"ငါ Rollar Coaster စီးမွာ ''

" ငါသရဲအိမ်ဝင်မှာ ''

တစ်ယောက်တစ်ပေါက်နဲ့
ပြောနေကြတာ ကားတစ်စီးလုံး
ဆူညံပွက်လောကိုရိုက်လို့ရယ်

လေ့လာရေး ခရီးစဉ်ရဲ့ အဓိက အားသာချက်က
Team workလုပ်ရတော့
အတူတူတိုင်ပင် ၊ ဖေးမကူညီရင်း
အတန်းသားအားလုံး ခင်မင်ရင်းနှီးသွားကြတယ်

ဒါ ဆရာတွေလိုချင်တဲ့ Main Pointလေ
ဗဟုသုတတွေလည်းရသလို၊ သူငယ်ချင်းတွေ
လည်း အများကြီးရတယ်

"အားလုံး ရောက်ပါပြီ၊
အဖွဲ့တွေမပျောက်ပါစေနဲ့ ၊
သတ်မှတ်ပေးထားတဲ့ နာရီအတိုင်း
ကားရှိရာပြန်လာပါနော်...၊
သွားလို့ရပါပြီ လွတ်လွတ်လပ်လပ်
ပျော်လာခဲ့ကြပါ ''

"Nae!!!! "

Disney Land,Advanture World, Lotte world စသဖြင့် စုဝေးရာနေရာဖြစ်တဲ့ ကစားကွင်းကြီးထဲ လေ့လာရေး ကျောင်းသား၊ကျောင်းသူတွေ
ဝင်သွားကြပြီဆိုတာနဲ့ စတင်ပြီး
သောင်းကျန်းကုန်ကြပါပြီ

စဝင်လာကတည်းက ခုန်ပေါက်ပြေးလွှား
နေကြတာ ထိန်းမရ

ကစားကွင်းဆိုတာ ကလေးကော၊လူကြီးကော
သဘောကျကြတဲ့နေရာမဟုတ်လား....😁

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Where stories live. Discover now