Part4(My Mother Is Matchmaker)

4.5K 451 24
                                    

" Park Chanyeol ''

ဆရာBaekhyun အတန်းတက်စာရင်းတွေ
လူခေါ်နေပြီ၊ ဘဲကြီးတစ်ယောက်အခုချိန်ထိပေါ်မလာသေး..ဒီနေ့မှဘာလို့ကျောင်းကနောက်ကျနေရတာလဲမသိဘူး...သူပဲ Baekhyun ကိုတွေ့ချင်လှပါချည်ရဲ့ဆိုပြီး....ဖုန်းဆက်တော့လည်း
စက်ပိတ်ထားတယ်ဆိုတာချည်းပဲ။

"Park Chanyeol ရှိလား ''

"သူမလာသေးဘူး..ဆရာ''

မတတ်နိုင်ဘူး Kim Kai ထပြောရတော့တယ် ဘဲကြီးနဲ့တော့ခက်တယ်ဗျာ...။

"ဝင်ခွင့်ပြုပါဆရာ ''

Baekhyunကျောင်းသားစာရင်းတွေ
စစ်နေရင်း ရဲတွေဝင်လာတာမို့

" Arr...Nae ဝင်ပါ ''

"အနှောက်အယှက်ဖြစ်သွားလို့
တောင်းပန်ပါတယ်ဆရာ ''

"ရပါတယ်ခင်ဗျ''

"ကျွန်တော်တို့လာရတဲ့အကြောင်းအရင်းက
Park Chanyeol ဆိုတဲ့ကျောင်းသား
လေးက ဒီအခန်းကလို့ သိရလို့ပါ''

"Nae....ဒီအခန်းထဲကပါ
သူဘာဖြစ်လို့လဲမသိဘူးခင်ဗျ ''

" ကားအက်ဆီးဒင့်တစ်ခုကြောင့်
သူ...ဆေးရုံရောက်နေလို့ပါ ''

"Nae??''

အတန်းသူအတန်းသားအပါအဝင်
Baekhyunပါလန့်သွားရတယ်။

အငယ်နှစ်ကောင်ပါ ငိုတော့မလိုနဲ့ ့ထိုင်မရ၊ထမရဖြစ်ကုန်တယ်

"ကျောင်းသားရဲ ့မိသားစုဝင်တွေဆက်သွယ်ဖို့
ကျောင်းသားကဒ်သာတွေ့တာမို့
ကျွန်တော်တို့ဒီကျောင်းကိုလိုက်လာရခြင်းပါ၊
ကျောင်းအုပ်ကြီးကိုတိုက်ရိုက်ဆက်သွယ်ပင်
မယ့် အစည်းအဝေးကျင်းပနေတယ်ဆိုလို့
ကျွန်တော်တို့ ဒီကိုပဲတန်းလာရခြင်းအတွက်
အားလုံးအထိတ်တလန့်ဖြစ်သွားစေလို့
တောင်းပန်ပါတယ် ''

" အုပ်ထိန်းသူမိဘ ကိုဆက်သွယ်ပေးဖို့နဲ့၊
တာဝန်အရ ဆရာ့ကိုပါ လိုက်ခဲ့ပေးဖို့
တောင်းဆိုပါတယ်၊ ဖြစ်ခင်းအမှုအပေါ်
ကျောင်းသားဖြစ်ကြောင်းကို ထောက်ခံပေးဖို့ပါ ''

"Nae.....ကျွန်တော်လိုက်ခဲ့ပါ့မယ်
အခု ကျောင်းသားရဲ့အခြေအနေ ဘယ်လိုရှိလဲဆိူတာလေး သိပါရေစ ''

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Where stories live. Discover now