Part8 (Plz..Accept My Love)

3.5K 387 27
                                    

" ကြာလိုက်တာကွာ ''

ကိုရီးယားကိုဆိုက်ရောက်မည့်လေယာဉ်က
လိုတာထက်ပိုပြီး delayဖြစ်နေသည်မို့
လေယာဉ်ပေါ်မှာ ထိုင်မရ၊ထမရ ဖင်တကြွကြွဖြစ်နေတဲ့Chanyeol

ကိုရီးယားစံတောင်ချိန် ည ၉နာရီခွဲဆိုတဲ့
အချိန်ကိုလည်းပြနေပြီဖြစ်တာကြောင့်
ခေါင်းတကုတ်ကုတ်နဲ့ စိတ်ညစ်နေပြီဖြစ်သည်။

မနက်မှ သွားလည်းအဆင်ပြေပင်မယ့်
သူ့အတွက်ပါလာတဲ့လက်ဆောင်လေးကို
သွားပေးရင်း..မျက်နှာလေးကိုပါတွေ့ချင်နေ
သေးသည်မို့ စိတ်တို့လောနေခြင်းဖြစ်ဧ။်။

တခါတည်း..သူ စာသင်ပြန်လာတဲ့အချိန်လေးကို
ပါသွားကြိုချင်တာကို ! လေယာဉ်ဆင်းရင်
Check outလုပ်ရမှာနဲ့ အင်းချွန်းကနေ
အိိမ်အထိမောင်းရဦးမယ့်အချိန်နဲ့
မှီနိုင်လောက်မည်မထင်တော့..

လေပူတစ်ချက်မှုတ်ပြီး သက်ပြင်းအရှည်ကြီးတစ်ခုသာ ချလိုက်မိပါတော့သည်။

At Twenty minute later...

"အကိုလေး.... ''

Check Outလုပ်ပြီး ပြန်ထွက်လာတော့
လာကြိုတဲ့ ဒုမန်နေဂျာ ကိုတွေ့လိုက်ရသည်။

ညမိုးချုပ်ဖြစ်နေပြီမို့ မေမေ့ကိုလာမကြိုစေပဲ
ဒုမန်နေဂျာချွဲကိုသာ လာကြိုခိုင်းဖြစ်သည်

" လာကြိုပေးတာ
ကျေးဇူးပါ...မန်နေဂျာချွဲ ''

"Nae...ရပါတယ်အကိုလေး ''

"ကျွန်တော့်ကားပါလာတယ်မလား??''

"ဟုတ်ကဲ့ ...အကိုလေးယူလာဆိုလို့
ရုံးကဝန်ထမ်းကောင်လေးကို
မောင်းလာခိုင်းပါတယ် ''

"Nae...ကျေးဇူးပါ
ဒါနဲ့ ကျွန်တော့်ကို ထပ်ပြီး
ကူညီပေးလို့ရဦးမလားဟင်? "

"ပြောပါ အကိုလေး၊ ကျွန်တော်
ဘာကူညီပေးရမလဲ ?''

"အရင်ဆုံး ကျွန်တော့်အိတ်တွေကို
မန်နေဂျာချွဲ ကားနဲ့ပဲ အိမ်ကိုယူသွားပေးလို့
ရမလား...ကျွန်တော် သွားစရာလေးရှိနေ
သေးလို့ ''

"ဟုတ်ကဲ့..ကျွန်တော်ယူသွားပေးပါ့မယ်
ဒါပင်မယ့် အကိုလေး သွားချင်တဲ့နေရာကို
တော့ အရင်လိုက်ပို့ပေးပါရစေ ''

ချစ်သူနှုတ်ခမ်းနဲ့ နမ်းသွားတဲ့ပါး Where stories live. Discover now