1

11.2K 546 2
                                    

"Morning"  ပေါ့ပါးသောခြေလှမ်းများနှင့် အတောက်ပဆုံးတော့ အပြုံးများဖြင့် coffee ဆိုင်ထဲသို့ ဝင်လာသောကောင်လေးတစ်ယောက်....

"ကိုယ်တော်လေးရောက်လာပြီလား" ကျွန်တော့်ဆံပင်များကိုဖွကာ နှုတ်ဆက်လိုက်သော ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်း Hoseok Hyung

"Hyung ကလည်း ဆံပင်တွေကိုဖွပြန်ပြီ ကျွန်တော်သေချာ ပြင်ထားတာကို" ကျွန်တော်မျက်စောင်းထိုးလိုက်ပြီး ဆံပင်တွေကို ပြန်ပြင်လေသည်

"မင်းတို့နှစ်ကောင်ကလည်း စောစောစီးစီး ရန်ဖြစ်ပြန်ပြီ" ဆိုင်အပေါ်ထက်ကနေ ဆင်းလာသော် ကျွန်တော့်အကို Nanjoon

"သူအရင်လာစတာလေ Hyungရဲ့"

"တော်တော့ ရန်ဖြစ်မနေဘဲ ဆိုင်ပြင်ဖို့ လုပ်တော့" Nanjoon Hyung ဆူတော့မှ နှစ်ယောက်သား ကိုယ်လုပ်စရာရှိတာ လုပ်လေသည်

"Hyung, အဖေရော? မနက်အစောကြီး ကတည်းက ထွက်သွားတာ"

"Uncle မရောက်သေးဘူး, Jiminnie" မီးဖိုခန်းကနေ လှမ်းအော်ပြောသော Hoseok

"အဖေ ကလည်း ဆိုင်ရှင်ဖြစ်ပြီး ဆိုင်မှာကိုမရှိဘူး ဘယ်တွေသွားနေလည်း မသိဘူး"

အချိန်အားဖြင့်ည၈နာရီထိုးခဲ့ပြီ ကျွန်တော်closedဟူသောsignသို့ပြောင်းကာ စားပွဲခုံများကို ရှင်းလင်းနေသည် ထိုအချိန် ဆိုင်တံခါးမှခေါင်းလောင်းသံမြည်လာကာ လူငယ်တစ်ယောက်ဝင်လာသည်

ဒီလူစာမဖတ်တတ်ဘူးလား ဟု စိတ်ထဲပြောမိလိုက်သည်

"ဧည့်သည် ဆိုင်ပိတ်သွားပါပြီနော်"

"ကျွန်တော် ဆိုင်ပိုင်ရှင်ကို တွေ့ချင်လို့လာတာပါ"

"ဟုတ်ကဲ့ ခဏစောင့်ပေးပါနော်
Hyungရေ အဖေ့ကိုပြောပေးပါ ဧည့်သည်ရောက်နေတယ်လို့"

"Jiminလား" ကျွန်တော့နာမည်ကို သိနေသော လူစိမ်းကြောင့် အံသြမိသွားသည် ကျွန်တော်ပြန်ဖြေမလို့ လုပ်လိုက်ပေမဲ့ ဘေးသို့အဖေ ရောက်လာကာ ထိုဧည့်သည်ကို နှုတ်ဆက်လေသည်

"ငါ့တူ Jin, တော်တော်တောင်အရွယ်ရောက်နေပြီပဲ မင်းတို့ နေကောင်းကြရဲ့လား"

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Where stories live. Discover now