6

4.6K 490 5
                                    

ကျွန်တော်သူနှင့်လက်ထပ်ထားတာ တစ်လကြာခဲ့ပြီ သို့သော် အခုထိ သူနဲ့ကုတင် တခုတည်းအပေါ်တွင် အိပ်ဖို့ သတ္တိမရှိ Jungkook ဘက်မှလည်း ကျွန်တော်အခြားခန်းသွားအိပ်သည်ကို ဘာမှမပြော...

"Jimin? ဘာလို့ အခြားအခန်းထဲက ထွက်လာတာလဲ"

Jimin တယောက် မနက်စာစားဖို့ အခန်းထဲကထွက်လာစဉ် Jin နှင့် ပတ်ပင်းတိုးလေသည်

"ဟိုဟာ-"

ပြောစရာစကားရှာနေစဉ် Jungkook လည်း အချိန်ကိုက် သူ့အခန်းထဲမှထွက်အလာ...

"မင်းတို့နှစ်ယောက် ဧည့်ခန်းထဲ အခုလာခဲ့"

Jimin နဲ့ Jungkook ခေါင်းလေးစိုက်ကာ လေးလံသောခြေလှမ်းများနဲ့ လိုက်သွားလေသည်

"ပြောစမ်းပါဦး ဘယ်လို့ဖြစ်လို့ တယောက်တခန်းစီကနေ ထွက်လာတာလဲ"

"ဟိုလေ"

"ကျွန်တော်တို့ ရန်ဖြစ်ထားလို့ပါ" Jimin အစား ဝင်ပြောလိုက်သော Jungkook

အမှန်မှာ Jimin သည် မိမိနဲ့အတူအိပ်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း ရှင်းပြထားလို့ သူသိပြီးဖြစ်သည် Jin ကို အမှန်အတိုင်းပြောလိုက်ရင် ပိုဖိအားပေးမည်ဆိုး၍ Jungkook က ကာပြောခြင်းဖြစ်သည်

"Jimin ဟုတ်လား" Jungkook အဖြေကိုမယုံ၍ Jimin ကို ထပ်မေးလိုက်သော Jin

"ဟုတ် ဟုတ်တယ်"

"လက်ထပ်ထားတာ ဘယ်လောက်ရှိသေးလို့ ရန်ဖြစ်ပြီး အခန်းခွဲနေရတာလဲ နှစ်ယောက်လုံး ငါ့ရှေ့မှာ ကျေအေးလိုက်"

"ဗျာ?" Jin စကားကြောင့် ထအော်လိုက်သောနှစ်ယောက်

"ဗျာ လုပ်မနေနဲ့ မြန်မြန်ကျေအေးလိုက် ပြီးရင် မနက်စာစားမယ် ငါဗိုက်ဆာနေပြီ"

"ကလေး"

"ကလေးလို့"

Jimin က ကိုယ့်ကိုယ်ကို လက်ညိုးထိုးကာ ငါ့ကိုပြောနေတာလားဟူသော အကြည့်ဖြင့် Jungkook အားကြည့်လိုက်သည်

"ကိုယ် တောင်းပန်ပါတယ်နော်"

Jungkookရဲ့စကားကြောင့် Jimin ပါးစပ်ပွင့်သွားပြီး ပြန်မစိနိုင်အောင် ဖြစ်သွားသည် ကိုယ်တော်လေးက သူ့ကိုယ်သူ ကိုယ် ဟု သုံးသွားသည်တဲ့လား...

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Where stories live. Discover now