4

4.5K 435 1
                                    

"ကျွန်တော်တို့ အခုထွက်ပြေးရအောင်"

"မင်း ရူးနေပြီ Jungkook" Taehyung ကျွန်တော့ရဲ့လက်ကို ဖြုတ်၍ လှဲနေရာမှ ထိုင်လိုက်သည်

"ကိုယ်တို့ စိတ်လိုက်မာန်ပါ လုပ်လို့မရဘူးလေ Kookရဲ့..."

"Hyung ကျွန်တော့်ကို မချစ်တော့ဘူးလား"

Taehyung ခေါင်းခါကာ ကျွန်တော့်လက်ကိုဆွဲပြီး လမ်းအတူလျှောက်ဖို့ ခေါ်လေသည်

"ချစ်တယ် အများကြီးချစ်တယ်"

"အဲဒါဆို ထွက်ပြေးရအောင်လို့ နှစ်ယောက်လုံး ချစ်ရဲ့သားနဲ့ သူငယ်ချင်းလို ဆက်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာ"

"Kook အခုကစပြီးတော့ ကိုယ်ပြောတာ သေချာနားထောင်နော်"

လမ်းလျှောက်တာရပ်လိုက်ပြီး ကျွန်တော့်ကို ပွေ့ဖက်ထားသောသူ

"သူနဲ့လက်ထပ်လိုက်ပါ လက်ထပ်ပြီးမှအရာအားလုံးက အဆင်မပြေခဲ့ရင် ကိုယ့်ဆီပြန်လာခဲ့ ကိုယ်စောင့်နေမယ်..."

"တကယ်လို့ သူနဲ့အဆင်ပြေခဲ့ရင် ကိုယ်မင်းတို့ကြားထဲ ဝင်မနှောင့်ယှက်ဘူး မင်းသူနဲ့ပျော်ရွှင်မယ်ဆိုရင် ကိုယ်ကျေနပ်တယ်"

ကျွန်တော့်သူ့ရင်ခွင်ထဲမှရုန်းကာ သူ့ကိုနမ်းလိုက်သည် ကျွန်တော်တို့ရဲ့အနမ်းသည် ဝမ်းနည်းမှု နာကျင်မှုတို့ အပြည့် ဖြတ်သွားဖြတ်လာများက ကျွန်တော်တို့ကို ကြည့်နေသော်လည်း ဂရုမစိုက်နိုင် ယခုအချိန်တွင် Tae မှလွဲ၍ ဘယ်သူမှအရေးမကြီး....

*****
Jimin တယောက် အိပ်ရာထဲတွင် လူးလိမ့်နေသည် အိပ်ဖို့ ကြိုးစားသော်လည်း အိပ်မပျော်
သူ၏စိတ်တွင် Jungkook က နေရာယူနေသည်

ထိုလူသားသည် ချောမောသည်မှာမှန်သော်လည်း အကျင့်စရိုက်ကို သူသဘောမကျ သူကိုစကားပြောသည့်ပုံစံမှာ အလွန်ပင်အေးစက်သည်

လက်မထပ်ခင်ကတည်းက ဒီလိုအေးစက်နေပါက လက်ထပ်ပြီးလျှင် မည်သို့ဖြစ်မည်နည်း သူပျော်နိုင်ပါ့မလား...

"Jimin ဝက်စုတ် ထတော့"

Jimin မိမိကုတင်ပေါ်တက်ခုန်နေသောသူကြောင့် နိုးလာသည် မနက်၃နာရီမှ အိပ်ပျော်သောကြောင့် အိပ်ရေးမဝကာ စိတ်မကြည်

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Where stories live. Discover now