5

4.5K 454 0
                                    

"Jimin?"

Jiminတို့ညီအစ်ကိုရှေ့တွင် ရပ်နေသူမှာ Mr.Park...

Jiminသူ့အဖေကိုတွေ့တော့ ပို၍ငိုလာသည်

Mr.Park သည် Nanjoon အား ဘာဖြစ်တာလဲဟူသော မျက်နှာထားနဲ့မေးသော်လည်း ခေါင်းခါပြသည့်အဖြေသာ ရလိုက်သည်

ဧည့်ခန်းထဲရှိ ဆိုဖာတခုထဲတွင် သားအဖသုံးယောက်ထိုင်နေမိသည် Jiminရဲ့ ငိုသံမှလွဲ၍ အခြားသံမကြားရ

အချိန်ကြာငိုထားသောကြောင့်ပင်မသိ Jimin လည်းပင်ပန်းကာ Mr.Park ရဲ့ရင်ခွင်ထဲတွင် အိပ်ပျော်သွားသည်

သားများငယ်စဉ်ကတည်းက မိခင်ဖြစ်သူသည် ရောဂါနှင့်ဆုံးသွားသောကြောင့် Mr.Park သည် ကုမ္ပဏီကိုလည်းဦးဆောင်ရင်း အဖေတာဝန် အမေတာဝန် နှစ်ခုလုံးကို ကျေပွန်အောင် လုပ်ဆောင်ခဲ့သည်

ယခုချိန်တွင် အသက်ကြီးလာပြီဖြစ်သောကြောင့် ကုမ္ပဏီကို ယုံကြည်ရတဲ့သူလက်ထဲအပ်ထားကာ ကော်ဖီဆိုင်လေးဖွင့်ပြီး သားအဖသုံးယောက် နေသည် ထို့ကြောင့်သူတို့ သားအဖသုံးယောက်သည် အခြားသားအဖများထက် သံယောဇဉ်ပိုကြီးလေသည်...

"Jiminie ကို ချီခဲ့ အဖေတို့ အပေါ်ပြန်တက်ရအောင်"

Jimin ကိုချီလာသော Nanjoon... Jungkook အခန်းထဲဝင်မည်အလုပ်...

"အဖေတို့အခန်းထဲပဲခေါ်လာတော့ Jungkook လဲ အိပ်မောကျနေရောပေါ့ အနှောင့်အယှက်ဖြစ်သွားဦးမယ်"

Nanjoon ခေါင်းညိမ့်ပြလိုက်ပြီး သူတို့အခန်းထဲသို့ခေါ်လာလိုက်သည်

ကုတင်ပေါ်တွင်အိပ်ပျော်နေသော ညီအစ်ကိုနှစ်ယောက်ကိုကြည့်နေသော Mr.Park

"အဖေ ဆုံးဖြတ်ချက်ချတာ မှားသွားပြီလား"

*****

Jungkookရဲ့ မျက်နှာပေါ်သို့ ကျရောက်လာသော အလင်းရောင်ကြောင့် အိပ်ရာမှနိုးလာသည်

မိမိ၏နံဘေးသို့ ကြည့်လိုက်သော် ထင်ထားသလို ရွှေအိုရောင်ဆံပင်နဲ့လူကောင်သေးသေးလေးက ရှိမနေ အဲ့ဒီအစား အေးစက်နေသော အိပ်ရာခင်းက နေရာယူထားသည်

ခါးစည်းတဘက် တစ်ထည်ကိုဆွဲကာ ရေချိုးခန်းထဲသို့ Jungkook ဝင်သွားသည် မနေ့ညကပွဲကြောင့် ပင်ပန်းနေသော ခန္ဓာကိုယ်ကို ရေနွေးနွေးဖြင့် လန်းဆန်းအောင်လုပ်လိုက်သည်

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Where stories live. Discover now