11

4.3K 429 12
                                    

"Tae အိပ်နေတာထတော့လေ"

"Tae?" တံခါးခေါက်နေသော်လည်း ဖြေသံမကြား

"ငါဝင်လာပြီနော်"

Jimin အခန်းထဲဝင်ဝင်ချင်းတွေ့လိုက်ရသည်မှာ ကုတင်ပေါ် အိပ်ပျော်နေသည်မဟုတ်ပဲ ရေချိုးခန်းတံခါးနားတွင် အသက်မဲ့စွာ လဲနေသော Taehyung ကိုတွေ့လိုက်သည်

"JUNGKOOK! JUNGKOOK!"

"ကလေး! အဆင်ပြေရဲ့လား" Jimin အော်သံကြောင့် အခန်းထဲသို့ အပြေးရောက်လာသည့် Jungkook

*****

"Jungkook?" ကုတင်ပေါ်တွင် ဖြူဖတ်ကာ သွေးရောင်မရှိသောလူ ထိုပုံစံကို ကြည့်ပြီး သူမျက်ရည်တွေစို့တက်လာသည်

"မင်းလက်မထပ်ခင် ငါတို့တွေ့ခဲ့တဲ့နေ့ကို မှတ်မိလား... အမှန်အတိုင်းပြောရရင် လက်မထပ်စေချင်ခဲ့ဘူး ငါတယောက်တည်းပဲ မင်းကို ပိုင်ဆိုင်ချင်ခဲ့တာ အတူထွက်ပြေးရအောင်လို့ပြောတုန်းက ထွက်ပြေးချင်ခဲ့မိတယ် ဒါပေမဲ့လည်း ကိုယ့်အခြေအနေကိုသိလို့ မင်းကို Jimin ဆီတွန်းပို့ခဲ့တယ်"

"Tae..."

"Jimin နဲ့ သိတာသိပ်မကြာပေမဲ့လည်း မင်းကို သူ့လက်ထဲ ယုံယုံကြည်ကြည်အပ်နိုင်တယ်ဆိုတာ သူငါ့ကို သက်သေပြခဲ့တယ်"

"မင်းတို့လက်တွေပေး"

Jungkook နဲ့ Jimin လက်တွေကို ဆုပ်ကိုင်စေပြီး အပေါ်ကနေ အုပ်မိုးလိုက်သော Taehyung လက်ချောင်းများ

"Kook ဒါလေးတော့ မှတ်မိပေး ဒီလက်အစုံကို ဘယ်တော့မှ မလွှတ်လိုက်နဲ့ ငါတောင်းဆိုတာပါ သူ့ကို နာကျင်အောင်မလုပ်မိစေနဲ့ တန်ဖိုးထားပေး ဂရုစိုက်ပေး အလိုလိုက်ပေး အရာအားလုံးထက် ပိုချစ်ပေးနိုင်တယ်မလား"

Jungkook မျက်စိရှေ့သို့ကျနေသော ဆံနွယ်လေးများကို သပ်ပေးလိုက်ပြီး ချစ်စနိုး ခေါင်းလေးကို ပုတ်ပေးလိုက်သည်

"ကျွန်တော် ကတိပေးပါတယ်"

"Jiminie သူငယ်ချင်း soulmate လေး ကိုယ့်ကိုယ်ကို လည်း ဂရုစိုက် ဟောဒီက ကောင်လေးကိုလည်း ဂရုစိုက်ပေးနော် နှစ်ယောက်လုံး လုံးဝလက်တွဲမဖြုတ်ရဘူးနော် မင်း...မင်းတို့ကို ချစ်...တယ်"

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Where stories live. Discover now