8

4.5K 446 3
                                    

"Jungkookie ဘာလို့ငိုင်နေတာလဲ"

"ကလေး..."

"ရုပ်က ဘာဖြစ်တာလဲ အလုပ်မှာ အဆင်မပြေလို့လား"

"မဟုတ်ပါဘူး ကလေးရဲ့"

"အဲဒါဆို ဘာတွေဖြစ်နေတာလဲ"

"ကလေး ကိုယ့်ကို အမှန်အတိုင်းဖြေပေးနော် ဟိုနေ့ညက ကလေးဆီ စာဝင်လာလို့ ကိုယ်ဖတ်မိလိုက်တယ်... Taehyung ကို သိနေခဲ့တာလား"

အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်

"အင်း သိနေတယ် Kookနဲ့သူ ဘယ်လိုပတ်သက်တယ်ဆိုတာရော"

"ကိုယ့်ကိုဘာလို့မပြောပြခဲ့တာလဲ"

"ပြောပြတော့ရော Kook ကကြိုက်မှာတဲ့လား"

"ဘာလို့မကြိုက်ရမှာလဲ Taehyung နဲ့ ကလေးက သိနေတာဆိုတော့ ကိုယ်ကပျော်တာပေါ့"

ဟင်...ပျော်တယ်တဲ့လား...

*****
အမှန်အတိုင်းပြောရရင် ကျွန်တော်နဲ့Taehyung သည် သူငယ်ချင်းဖြစ်လာမယ်လို့ ဘယ်တော့မှ မစဉ်းစားခဲ့မိပါ

ပြီးခဲ့သောလက သူနဲ့တွေ့ပြီးနောက်ပိုင်း ကျွန်တော်တို့ Jungkook မသိအောင် စာအပြန်အလှန်ပို့လိုက် video call ပြောလိုက်ဖြင့် ရင်းနှီးလာကြသည်

ဟိုတနေ့ညက Taehyung ဆီမှ ပို့လိုက်သော စာတစ်စောင်ကြောင့် ကျွန်တော် Jungkook ကို အမှန်အတိုင်းပြောဖို့ ဖြစ်လာခဲ့သည် ကိုယ့်ချစ်သူနဲ့ ကိုယ့်ယောက်ျားနဲ့က သူငယ်ချင်းပါဟူသောစကားသည် အခြားလူအတွက် ထူးဆန်းနိုင်ပေမဲ့ သူကတော့ ပျော်ပါသည်တဲ့

အစက ကျွန်တော် တစ်ယောက်တည်း Taehyung နဲ့သွားတွေ့ဖို့ လုပ်ထားသော်လည်း Jungkook က အတင်းလိုက်ပါရစေဟု တောင်းဆိုလေသည် ကျွန်တော် အဆင်သင့်မဖြစ်သေးခဲ့ပါ ကိုယ့်ရှေ့တွင် ကိုယ့်ယောက်ျား နဲ့ သူ့ချစ်သူတို့ အပြန်အလှန် ပြောဆိုဆက်ဆံနေရမည်ကို ကျွန်တော်မြင်နေရမည် မဟုတ်ပါလား...

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော် နောက်ဆုံးတွင် လိုက်ဖို့ ခွင့်ပြုပေးလိုက်သောကြောင့် ယခု စားသောက်ဆိုင်တဆိုင်တွင် ကျွန်တော်တို့ သုံးယောက် ဆုံမိခဲ့ကြသည်

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Where stories live. Discover now