3

4.6K 457 1
                                    

ကျွန်တော် အဝတ်တွေကို ဟိုလှန်ဒီလှန်ကာ ရှာနေမိသည် ဒီနေ့ ဟိုဘက်မိသားစုနှင့် တွေ့ရမည့်နေ့ မိသားစုဟုဆိုသော်လည်း ညီအကိုနှစ်ယောက်တည်းသာ ရှိသည် သူတို့၏မိဘများမှာ accident ကြောင့် ဆုံးသွားပြီဖြစ်ကြောင်း အဖေပြောမှသိရသည်

"Jimin" ကျွန်တော့်အခန်းထဲသို့ ဝင်လာသောအဖေ

"ပြင်ပြီးပြီလား"

"ကျွန်တော် ဘာဝတ်ရမယ်မှန်း မသိဘူး"

ကျွန်တော့်ဖွထားသောအဝတ်ပုံကို ကြည့်ကာ အဖေ ရယ်လေသည် ရယ်နေရင်း ရုတ်တရက် ဖက်လိုက်သောကြောင့် ကျွန်တော် မှင်သက်သွားသည်

"အဖေ့ ကို မမုန်းဘူးလား"

"ကျွန်တော်က ဘာလို့ မုန်းရမှာလဲ"

"အဖေ့ကြောင့် သား ဒီလက်ထပ်ပွဲကို လုပ်ရမှာလေ"

လက်ထပ်ပွဲဆိုတဲ့ စကားကြောင့် ကျွန်တော် မျက်နှာပျက်သွားသော်လည်း အမြန်ပြန်ပြုံးလိုက်သည်

"အဖေ့ကို ဘယ်တော့မှ မမုန်းဘူး အဖေ့ဆုံးဖြတ်ချက်ကို စိတ်ဆိုးမိတာတော့ မှန်တယ် ဒါပေမယ့် အဖေ့အပေါ် စိတ်အကြာကြီး မဆိုးနိုင်ပါဘူး ပြီးတော့ ကျွန်တော် ယုံကြည်တယ် အဖေရွေးချယ်ပေးတဲ့လမ်းက မှန်မယ်လို့"

ကျွန်တော်ဆက်ပြောရင် မျက်ရည်ကျတော့မည်ကိုသိ၍ စကားလမ်းကြောင်းပြောင်းလိုက်သည်

"အဝတ်အစားရွေးပေး"

"ငါ့သား အဆင်ပြေတာဝတ် မြန်မြန်တော့ လုပ်နော် ခဏနေသွားရအောင်"

*****

Jungkook တယောက် အပြင်ဘက်ကိုငေးကြည်းနေရင်း ခြံထဲသို့ ကားတစ်စီး ဝင်လာသည်ကို တွေ့လိုက်သည်

သူ ထိုလူများကို သွားမတွေ့ချင် အခုချိန် အတွေ့ချင်ဆုံးမှာ Taehyung မနက်ကတည်းက ဖုန်းဆက်နေပေမယ့် ဖုန်းမကိုင်

သူ၏အတွေးများသည် တံခါးခေါက်သံနှင့်အတူ လွင့်ပြယ်သွားသည်

"သခင်လေးJungkook ဧည့်သည်တွေ ပန်းခြံထဲမှာစောင့်နေတယ်လို့ ပြောခိုင်းလိုက်လို့ပါ"

"ကျွန်တော် လာပြီ" Jungkook သက်ပြင်းချရင်း ပန်းခြံဘက်သို့ ထွက်လာသည်

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Waar verhalen tot leven komen. Ontdek het nu