Final

7K 431 3
                                    

အခန်းထဲတွင် နက်ပြာရောင် လိုက်ကာစများက အပြာနုရောင် နံရံနှင့် လိုက်ဖက်မှုများရှိနေသကဲ့သို့ပင်... လိုက်ကာနှစ်ဖက်ကြားက လွတ်နေသော နေရာကို ထိုးဝင်လာသော နေရောင်ခြည်

"လှတယ်" တံခါးဝကနေ ဘယ်အချိန်ထဲကနေရောက်နေမုန်းမသိတဲ့ Jungkook

"ဒါပေမဲ့လည်း ဒီလို့အမြင့်ပေါ်တက်ရတဲ့ ကိစ္စတွေဆို ကိုယ့်ကို ခိုင်းပါဆို မတော်လို့ ကလေးချော်ကျသွားရင် ဘယ်လိုလုပ်မလဲ"

Jimin တချက်ပြုံးလိုက်ပြီး "Min ကိုယ်တိုင် ဒီအခန်းလေးကို ဆေးသုတ်ပေးချင်လို့ပါ" ထိုင်ခုံပေါ်ကနေ ခုန်ဆင်းပြီးပြောလာတော့ မျက်စိပြူးသွားသည့် Jungkook

"ကလေး! ဖြည်းဖြည်းဆင်းလည်း ရရဲ့တာနဲ့ ခုန်ဆင်းပြန်ပြီ ခြေဆစ်ချော်သွားနိုင်တာကို" ပြာပြာလဲလဲပြောနေသည့် Jungkook ကို ကြည့်ပြီး Jimin မျက်လုံးလေးများပျောက်ဝင်သွားသည်အထိ ရယ်လိုက်သည်

"Kook ရယ် Min က ကလေးမှမဟုတ်တာ အရမ်းစိတ်မပူပါနဲ့"

"မရဘူး ကိုယ်ကတော့ စိတ်ပူမှာပဲ ဘာလို့လဲသိလား"

"ဘာလို့လဲ"

တဖြည်းဖြည်းနီးကပ်လာတဲ့မျက်နှာအစုံ

"ကလေးကိုချစ်လို့" စကားလုံးများအဆုံးတွင် ထိကပ်ခွင့်ပေးလိုက်သော နှုတ်ခမ်းအစုံ အပေါ်တလှည့် အောက်တလှည့် စည်းချက်ညီစွာ လှုပ်ရှားစေပြီး လျှာချင်းရစ်ပတ်ကာ နမ်းရှိုက်နေမိသည် အသက်ရှုရန်ခက်လာတော့မှ ခွာလိုက်ကျပြီး နဖူးအချင်းချင်း ထိကပ်ထားစေသည်

"အော် ဒါနဲ့ ဟိုဘက်က ဖုန်းဆက်တယ် အရာအားလုံးအသင့်ပြင့်ပြီးပြီးမို့ ကိုယ်တို့အဆင်သင့်ဖြစ်ရင် လာလို့ရပြီတဲ့"

*****

"မိသားစုကနေ ကြိုဆိုပါတယ် Minie"

"လာ Minie အတွက် Appa တို့ ပြင်ထားတဲ့ အခန်းပြမယ်" Minie ကိုပွေ့ချီလိုက်ပြီး တဖက်တွင်လည်း Jimin လက်ကိုဆွဲကာ အပေါ်ထပ်သို့တက်သွားသည် မိသားစုအသစ်လေး

"wow အခန်းလေးက လှလိုက်တာ"

"လှမှာပေါ့ Papa ကိုယ်တိုင် ဆေးသုတ်ထားတာလေ" Jimin က လက်မထောင်ပြီး မော်ကြွားစွာပြောတော့ ခေါင်းလေးကို ချစ်စနိုးဖွလိုက်သည်

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Where stories live. Discover now