9

4.3K 433 6
                                    

Jimin ဘယ်လိုဖြစ်လို့ ဒီနေရာသို့ရောက်လာခဲ့လည်း သတိမထားမိခဲ့ သူသိသည်မှာ အခု Taehyung ရဲ့တိုက်ခန်းရှေ့တွင် ရပ်နေသည်ပင် လက်ထဲတွင် ဆုပ်ကိုင်ထားသော Taehyung ပေးခဲ့တဲ့ လိပ်စာကဒ်

ဘဲတီးသင့် မတီးသင့် သူ ဝေခွဲရခက်နေသည်

ငါဒီမှာဘာလာလုပ်နေတာလဲ...

ဘဲမတီးပဲ ပြန်လှည့်သွားချိန် Taehyung အခန်းမှ တံခါးပွင့်လာသည်

"Jiminie?"

"Tae..."

"လာ အထဲဝင်လေ အပြင်မှာအေးတယ်"

"အပြင်သွားမလို့လား ငါတကယ်တောင်းပန်ပါတယ် ငါမလာခဲ့သင့်ဘူး"

"ချိန်းထားတာ ဖျက်လိုက်လို့ရတယ် မင်းကိုငါပြောခဲ့တယ်လေ ဘယ်အချိန်ဖြစ်ဖြစ်လာခဲ့လို့"

*****

"ပြီးခဲ့တဲ့တစ်ပတ်လုံး မင်းချက်ကျွေးတာတွေစားလိုက် မင်းအဝတ်အစားတွေ ယူဝတ်လိုက်နဲ့ အားနာလာပြီ"

"တော်စမ်းပါ Jiminie ရာ ကိစ္စမရှိပါဘူးဆို"

"ကိစ္စမရှိဘူးဆို ဒီမှာပဲမင်းနဲ့ နေတော့မယ်" နောက်ပြောင်ပြောလိုက်သော Jimin

"ငါတော့ မင်းအဖေနဲ့Jungkook ကို စိတ်ပူတယ် မင်းကိုရှာနေကြမှာ"

"ငါ Namjoon hyung ကိုတော့ စိတ်မပူနဲ့လို့ ပြောခဲ့တယ် မင်းနဲ့ရှိတယ်ဆိုတာပဲ မပြောထားတာ"

Jimin စကားပြောနေတုန်း ရုတ်တရက် ပါးကိုလာညှစ်သော Taehyung

"ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ နှုတ်ခမ်းလေးကို စူလို့ Jungkook ကြွေနေတာ မထူးဆန်းပါဘူး"

Taehyung စကားကြောင့် Jimin ရှက်သွေးဖြာသွားသည် ထို့နောက် Taehyungပါးကို သူပြန်ညှစ်လိုက်သည်

"နာတယ် လွှတ်"

"မင်းအရင်လွှတ်"

"တပြိုင်တည်းလွှတ်မယ်"

"ကောင်းပြီ 1..2..3"

Taehyung ရဲ့တိုက်ခန်းလေးသည် ကောင်လေးနှစ်ယောက်ရဲ့ ရယ်သံများဖြင့်ဖုံးလွှမ်းသွားသည်

"သွားအိပ်တော့ မိုးချုပ်နေပြီ"

*****

Jimin ကိုယ့်ကိစ္စရှင်းရန် နိုးလာသည် နာရီကြည့်တော့ မနက်သုံးနာရီကျော်... အိမ်သာသို့သွားမည်အလုပ် အခန်းအပြင်မှ အသံတစ်သံကို ကြားလိုက်သည်

အချစ်ဆိုသည်မှာ(Unicode/Zawgyi)Onde histórias criam vida. Descubra agora