အပိုင်း ၎

38.1K 4.5K 278
                                    

Camera များသည် ဘက်ပေါင်းစုံမှ Focus
ဆွဲထားကြ၏။ ညီ့ကို ငဲ့ကြည့်တော့ ခေါင်းငုံ့ထား
ဆဲ။ ခပ်ရဲရဲဖြစ်နေသော ညီ့နားသယ်စပ်ကြောင့် ကိုယ်ဇဝေဇဝါပင်ဖြစ်သွားရသည်။ ညီတကယ်ရှက်နေတာလား။ ဒါဆို ကိုယ် အမှန်
ပြောပြလို့ဖြစ်ပါ့မလား?

"အဲ...အဲ့ ပုံ အဲ့ဒါက...ညီက...ခဏ ကိုယ်အမှန်
ရဲ့ သုံးပုံနှစ်ပုံကို ပြောပြမယ်"

"ဘယ်လို...ဟားဟားဒီလောက် ပွင့်လင်းတဲ့
အဖြေမျိုး ခုမှပဲတွေ့ဖူးတယ်။ ဘာလို့ အကုန်
်အမှန်မပြောတာလဲ?"

"ညီ ရှက်နေတယ်လေဗျ။ ကိုယ် အမှန်အတိုင်း
ပြောပြမှာပါ။ ဒါပေမယ့် တကယ့် တစ်ခုလောက်
ကိုတော့ ချန်ခဲ့မယ်။ အဲ့လိုဆို အဆင်ပြေလား
ညီ"

ကိုယ်ပြန်မေးတော့ ချက်ချင်းကို ပြန်ပြောသည်က

"ပြောချင်သလိုသာ ပြောကွာ" တဲ့။

"အဲ့နေ့က ညီ Shampoo ပြောင်းသုံးထား
ရတယ်။ ဘာလို့လဲဆိုတော့ သူ့ ဆံပင်တွေကို
Treatmentပြန်လုပ်ထားရတော့ Shampooကို ဂျင်ဆင်းပါတဲ့ ဟာ ပြောင်းသုံး
ထားရတယ် ခင်ဗျ။  အဲ့အနံ့ကို ညီ မခံနိုင်ဘူး
ဖြစ်နေလို့ ကိုယ်က သူစိတ်သာရာရအောင်
မွှေးပါတယ် ညီရ လို့ပြောဖို့ နမ်းပေးကြည့်နေ
တာ။ နောက်တစ်ခုက ကိုယ်နမ်းတာများပြီး အနံ့များပြယ်မလား လို့ ။ ဟုတ်ကဲ့ ဒါအဖြစ်မှန်
ရဲ့ သုံးပုံနှစ်ပုံ အမှန်တရားပါ"

"အသည်းတွေယားတယ်။ ဒါဆိုမပြောပဲထားတဲ့
ဟာက ဘာလဲ Rain"

"ညီ ကိုယ်ပြောပြလို့ဖြစ်လား? ညီ ရှက်နေတာ
မလား ခုက"

သေချာကြည့်ပြီးမေးသော်လည်း ညီစေအံ့၏ တည်ကြည်မှုကို ပြန်ရှာမတွေ့သေးပေ။ ညီရာ...
ဟူ၍ သာ အော်ပစ်လိုက်ချင်တော့သည်။

"ပြောရဲ ပြောကြည့်လေ"

ညီ တမင် လုပ်နေတာလား။ တကယ်ပဲ မပြော
စေချင်၍ ရှက်နေတာလား။ ညီ မရှက်တတ်တာ
အသိဆုံးပေမယ့်...အခု ညီ့အမူအရာတွေက တကယ်ကို ဝိရောဓိဖြစ်စေသည်။

"P ကိုတော့ ပြောပြလိုက်မယ်။ P ကို တိုးတိုး
ပြောပြမယ်"

MC သည် စိတ်ဝင်တစား ကိုယ်ကို ကိုင်းညွတ်
ပေးလာသည်။ ဒီနေရာမှာ ကိုယ့်ရဲ့ ထိုင်း language level အစစ်ကို ထုတ်သုံးရတော့
၏။

PRO ||Season 2||  Where stories live. Discover now