အပိုင်း ၂၇-၁

31K 3.7K 120
                                    

"ထိုင်းလို ပြောတာမှတော်သေးတယ်"

ပြောရမည့် စာရွက်ကို ဖတ်နေရင်း ညီ ညည်းညူရှာသည်။

"ကိုယ့်လည်း အားနာပါဦး ညီရယ်"

ကိုယ်ရယ်ရင်း အနားဝင်လှဲတော့ ဘေးနားတိုးပေးသည်။ ပြန်ရောက်တည်းက ခုမှ ခြေဆန့် လက်ဆန့် လုပ်ရသည် ဆိုပေမယ့် အိပ်ချိန်က သိပ်မကျန်တော့ပါ။

ကိုယ့်နိုင်ငံ ကိုယ်ပြန်လာသော်လည်း ကိုယ့်အိမ်တွင် ကိုယ်နေခွင့်မရှိ။ Entertainment မှ စီစဉ်ထားပေးသော Hotel တွင် နှစ်ယောက်တစ်ခန်းနှုန်းနှင့် နေကြရသည်။ ရောက်ရောက်ချင်းညကလည်း မနားရ။ Hotel ရောက်သည်နှင့် အဝတ်အစားလဲ Makeup ပြင်ကာ တရားဝင်လက်ခံတွေ့ဆုံခွင့်ပြုထားသော Media များ၏ Interview များကို လက်ခံရသည်။ မေးခွန်းကြိုတင်ပြထားရသော Interview များဖြစ်၍ စည်းကမ်းတကျရှိ၏။

မြန်မာနိုင်ငံမှာ လုပ်မည့် အစီအစဉ်များအကြောင်းနှင့် နိုင်ငံတကာ LGBT လှုပ်ရှားမှုများအကြောင်းအပါအဝင် ခွင့်ပြုထားသော personal ဆိုင်ရာမေးခွန်းများမှ ကိုယ့် ရင်းမြစ်ဇာတိကို ပြန်လာရ၍ မည်သို့ ခံစားရကြောင်းလောက်သာ ပါဝင်သည်။ နိုင်ငံရေးလှုပ်ရှားမှုများ တကယ်ကို လုပ်ခဲ့သော မိသားစု၏ မျိုး ဆက်ညီ့ အား အစစအရာရာ သတိထားပြီးမေးကြသည်။

မြင်နေရသည့် ပုံစံနှင့် ကွဲပြားစွာတည်တည်ကြည်ကြည်နှင့် ခပ်အေးအေးသာ ပြန်ဖြေသော ညီ့ကို ကြည့်ရင်း ရှိရင်းစွဲ နှိမ်ချချင်သည့် စိတ်များပျောက်သွားကြပုံကို တွေ့ရတော့လည်း ဘေးမှနေ၍ တလေးတစား အကြည့်ဖြင့်ကြည့်မိသည်။ ကိုယ့်နိုင်ငံ ကိုယ်သိသည်မို့ ပြန်လာဖို့ပြင်ဆင်ကြရာမှာ တခြားနိုင်ငံတွေထက် သတိထားကြရ၏။ အဓိက က ညီပင်။

ရှိရင်းစွဲ ဇာတ်လမ်းအရ လိုအပ်လို့သာ တပ်ဆင်ထားသော သွားတက်ပေါ်မှ စိန်ကလွဲ၍ ကျန်တာအကုန် Makeup က အစ ပြောင်းလဲထားရသည်။ ထူအုပ်အုပ်ဆံပင်များကိုပင် ပါးချကာ သေသေသပ်သပ်

ပြန်ဖြီးသင်ထားပေးသည်။ ဟိုမှာလို ဂျင်းအပြဲတွေ ပေါင်လည်လောက်သာရှိသော ဘောင်းဘီတိုတွေ တစ်ထည်မှ သယ်မလာဘဲ style pant တွေ ရိုးရိုး ဂျင်း တွေ နှင့်တွဲဖက်ဝတ်ရန်လိုက်ဖက်သော

PRO ||Season 2||  Where stories live. Discover now