အပိုင်း ၁၅

32.6K 4.1K 118
                                    

"ငါ့ကို စိတ်ဆိုးနေတုန်းပဲလား Rain"

"ဘာလို့ ညီ့ကို ကိုယ်က စိတ်ဆိုးရမှာလဲ"

မျက်ခုံးတစ်ဖက်ပင့်ကာ မေးတော့ ပြန်မော့
့ကြည့်သည်။
သူသည် ကိုယ့်ထက် ၃နှစ်ကြီးနေသူလား
ကိုယ့်ထက် ငယ်နေသူလား မသဲကွဲတော့။

"ကိုယ်ဘယ်တုန်းက ညီ့ကို စိတ်ဆိုးဖူးလို့လဲ။
ကိုယ့်ကို မယုံလို့စိတ်မကောင်းဖြစ်သွားရုံတင်...ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ပေးခဲ့တဲ့ ကတိတွေ အရာမထင်ဖြစ်နေပါလားလို့ တွေးမိ
ပြီးစိတ်မကောင်းဖြစ်တာ။"

"မင်း စိတ်မဆိုးဘူးဆိုရင် ဘာလို့ ငါ့ကိုစကား
မပြောလဲ။ တစ်နေ့လုံး ငါမင်းကိုကြည့်တယ်
မင်း ဘာလို့တစ်ချက်တောင်ပြန်ငဲ့မကြည့်ခဲ့တာလဲ"

"ကိုယ် Dialogue ကျက်နေရတာ ညီလည်း
တွေ့နေတာပဲ။ ကိုယ်ဒီနေ့ အခန်းတွေက ခက်တယ်လေ"

ဖြေရင်း MC ကို ပြုံးပြရသေးသည်။ သူ့ခင်မျာ
နှစ်ယောက်တစ်ကမ္ဘာလုပ်နေသော ကိုယ်တို့
နှစ်ယောက်ကြား ရုပ်သေရုပ်ရှင် ဆော့နေရသလို ငြိမ်ငြိမ်လေးထိုင်ပြီး လိုက်ကြည့်နေရတာ

"ဒီနေ့အပိုင်းတွေ ငါတို့ ဆယ်ကြိမ်မကလေ့ကျင့်
ထားတာတွေလေ"

"ဒါပေမယ့် ကိုယ်မှတ်ဥာဏ် မကောင်းဘူးလေ
ညီ့ကို စိတ်ဆိုးနေတာ မဟုတ်လို့ စိတ်ထဲမထား
နဲ့တော့ ညီ။ ဘာမှမဖြစ်ဘူး ကိုယ်တကယ်ပြော
နေတာ"

"မင်း လိမ်နေတာတော့ မဟုတ်ဘူးနော်"

"ညီ ကိုယ် တို့ LIVE လွှင့်နေတာ။ မေးခွန်းတွေ
ဖြေပေးလိုက်ပါဦး"

လက်တစ်ဖက်ကို ဆုပ်ညှစ်ခြေလျက် သတိ
ပေးရင်း သူ့ကို ကြည့်နေသော ကျွန်တော့်အား
အကြည့်လွှဲသည်။ မလွှဲခင် နှုတ်ခမ်းထောင့်စွန်း
ကော့တက်သွားအောင် ပြုံးပြလိုက်သေး၏။

စိတ်ထဲမထားနဲ့ ဘာမှမဖြစ်ဘူးပြောနေတဲ့ မျက်
နှာ အမူအရာ၊ အသံနေ အသံထားတွေက စိတ်
ထဲ မထားလို့မရအောင် သွယ်ဝိုက်စေခိုင်းနေတာတွေ ဆိုတာ မင်းနဲ့ ၆လကျော် ၂၄နာရီပတ်လုံးအတူတူ ရှိလာတဲ့ ငါက မသိဘဲ နေမလားRain။ အခုလည်း

PRO ||Season 2||  Where stories live. Discover now