အပို်င်း ၂၆

32.7K 4K 155
                                    

လေဆိပ်ဆင်းလာသည့် လမ်းတစ်လျှောက် ကမ်းပေးလိုက်သော ပန်းစည်းတစ်စည်းမကျန်စေရ၊ အကုန်ပိုက်ထွေး သယ်ယူလာသည်။ Nong:The series အဖွဲ့သားအားလုံး ပြန်လည်ဆုံဆည်းစေသော မြန်မာပြည်ခရီးစဉ်။ ကမ်းလှမ်းပေးလိုက်သော လက်ဆောင်ထုပ်များစွာထဲ ပါလာသော knights' MaMa Logo ကြောင့် ဘေးမှ အိပ်ငိုက်နေသော မိုးစက်ကိုပင်ကြည့်မိသေးသည်။

"Couple things တွေပေးလိုက်တာပဲ မိုက်တယ်"

ရှေ့ခုံမှ နေ၍ နောက်လှည့်ကြည့်လျက် အားပါးတရ ဝမ်းပန်းတသာ အမူအရာနှင့် ပြောလာသော သမုဒယ၏အသံကြောင့် Loy လေးကပါ လာခြောင်းကြည့်တော့၏။

"ဝါး မိုက်တယ်ဗျ...ဆင်တူကွင်းလေးတွေ"

Be Your Own Hero စာတန်းထိုးထွင်းထားသော ပလက်တီနမ်လက်ပတ်တစ်ခု၏ ကာလတန်ဖိုးက သေးမည်မဟုတ်။

"Knights' Mama က တကယ်ကြီး P တို့ကို ပြင်းထန်တာနော်"

"ဟုတ်ပ...fan အချင်းချင်းအပေါ်တောင် သြဇာညောင်းနိုင်တာ"

ကိုဦးနှင့် မြိုင်ကလေး တို့၏ သတ်မှတ်ချက်အပေါ် ဖြေရှင်းချက်မပေးနိုင်။ Knights များ၏ အာဏာဖြန့်ကျက်မှုက တော်ရုံ မဟုတ်ပါ။ ဒီနေ့ဆို လေဆိပ်ဆင်းလာတာတောင် LOY သည်ပင် အရင်လို မိုးစက်နား ကပ်မချွဲရဲ။ ပါးနပ်စွာ သူ့ အန္တရာယ် သူကြည့်ရှောင်သည်။ ကျွန်တော့်နားတွင် မ Rain ကိုပဲ မြင်စေချင်သလို Rain နားတွင်လည်း Nine မှ လွဲ၍ မည်သူမှ ကပ်ခွင့် မပေးသော Knights တွေ၏ ရာဇဝင်တွေကြောင့် Loy တောင် ဒီနေ့တော်တော်လေး နေတတ်အောင် နေလိုက်ရသည်။ အမှန်က သူလေးသည်လည်း အခုဆိုရင် နောက်ရိုက်နေသည့် Series တွင်ကိုယ်ပိုင် အတွဲ ရှိနေပြီ ဖြစ်သည်။ Nong: The Series တွင် ပါဝင်သော ယောကျာ်းလေး ၄ ယောက်တွင် ကိုဦးသာ Normal Series များ ရိုက်နေသဖြင့် မင်းသမီးများနှင့် လွတ်လွတ်လပ်လပ် ပွဲတက်ခွင့်ရနေသည်။

"လက်ပတ်လေးတွေ လှသား။ ဟိုမှာ ပွဲတက်ရင် ထုတ်ဝတ်ပေါ့"

Grace ၏ အကြံပေးမှုကို ခေါင်းညိတ်အသိအမှတ်ပြုရင်း စကားပြန်မပြောနိုင်လိုက်။ ဘေးမှ အိပ်ငိုက်နေသူ ခေါင်းကြီးစောင်းကျလာ၍ အမြန်လက်ခံ ထိန်းပေးလိုက်ရစဉ် တီငယ်နှင့် မျက်လုံးချင်းဆုံလိုက်ပေမယ့် မလုံမလဲ ဆိုတာမျိုးတွေအစား စောင်းကျနေသော မိုးစက် ခေါင်းကိုသာ ကျွန်တော့် ပုခုံးပေါ်မှီတင်ပေးလိုက်ဖြစ်သည်။

PRO ||Season 2||  Where stories live. Discover now