အပိုင်း ၂၅

34.4K 3.8K 64
                                    

အဖြူအမည်း အကွက်တွေနှင့် ဖန်ကြည်သား
နယ်ရုပ်များ ပါသော စစ်တုရင် တစ်ခုကို အိမ်
ပြန်လက်ဆောင်အဖြစ်ရလိုက်သည်။
ညဈေးတန်းတစ်ခု၏ Baby Toy Storeမှ တကူးတက ဝင်ဝယ်ပေးသည်အထိ ကျွန်တော့်
၏ အာရုံလွှဲခြင်း ဖြစ်စဉ်အတွက် အားဖြည့်ပေး
ပြီးခါမှ အိမ်အောက်ထပ်တွင်တော့ ပယင်းနှင့် ထပ်ညှိကြည့်ရန်အကြံဥာဏ်ပေးသည်ထက်ပို
သော တိုက်တွန်းစကားများကြောင့် သူ့ပုံစံအ
မှန်က ဝေဝါးနေပြန်သည်။

ထိုသို့ရှာဖွေနေခြင်းအပေါ် မိုးစက်အတွက် စိတ်မလုံ ။ ကျွန်တော့် သူ့ကို ပေးခဲ့ဖူးသော ကတိအား မနောကံမြောက် ချိုးဖောက်နေသလိုဖြစ်
နေပြီမလား။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးအချိန်အထိ
ကျွန်တော်သူ့ကိုယုံကြည်နေမယ်လို့ ကတိပေးခဲ့တာ။
ကတိကို အဆုံးထိတည်ရမည်။ မင်းမဟုတ်
သော ယောကျာ်းတစ်ယောက်အတွက် ဒီ ကတိ တစ်ခုတော့တာဝန်ယူနိုင်ဖို့တော့သင့်သည်။

သာမာန်လူစစ်သည်လေးပေါင်းများစွာက ရှေ့မှ နေ၍ အသေခံမည့်ဟန်ရှိနေသော အခင်းအ
ကျင်း။ ဘုရင့် အနားတွင် ခမ်းနားစွာ ရပ်တည်
နေသော စစ်တုရင်၏ အခရာတွေ။ အဖြူ အ
မည်း တစ်ဖက်စီ ရှိနေသော နယ်ရုပ်များ
အောက်မှာ အဖြူ အမည်းအကွက်တွေ။
ကျွန်တော့်ကို စစ်တုရင်ကစားတတ်စေတာလား အနားမှာရှိနေသူတွေကို ရှာဖွေခိုင်းခဲ့ခြင်းလား ကျွန်တော်မရေရာ။ မိုးစက်နဲ့ တွေ့ပြီးနောက်
နေ့ မနက်မှစ၍ ကျွန်တော်လုပ်ဖြစ်သည်က
ကလေးတွေကို စစ်တုရင်သင်ကြားပေးသော
နိုင်ငံတကာစစ်တုရင် အဖွဲ့မှ တင်သော Videoတွေ။
မိုးစက်သည် တကယ်ကို မကောင်းဆိုးဝါးလေး
နှင့် တူသည်။

မကောင်းဆိုးဝါးဆိုသည်ထက် ထိုင်းရိုးရာနတ်သူငယ်လေးတွေနှင့် အလားတူ။ လူတွေကို ဒုက္ခ
အတိပြီးစေအောင် လုပ်သည်မျိုးမဟုတ်သော်လည်း စိတ်ကသိကအောက် ဖြစ်အောင်ညစ်
ကျယ်ကျယ်နှင့် ဒုက္ခပေးတာ။

ဒီအရွယ်ကြီးကျမှ ကလေးတွေကို သင်သလို ဟာသအမြူးနှင့် ကာတွန်းပုံတွေ အချော့အမြူ အမူအရာတွေနှင့် သင်ကြားနေသော Video
တွေကို ထိုင်ကြည့်နေရတာ တကယ်ကို စိတ်ကသိကအောက်ဖြစ်စေသည်။

PRO ||Season 2||  Where stories live. Discover now