Extra

39K 3.6K 277
                                    

ကျဉ်းမြောင်းသော အိမ်ကြားလေးတွေထဲ
မှ ဖောက်ထွက်လာသော ခြေသံတဖျပ်
ဖျပ်။ ပြေးလွှားနေသော ခြေသံသည်
တစ်စုံတည်းမဟုတ်။ နောက်မှလိုက်လာ
သော အုပ်စုလိုက်ခြေသံများတွင် ဒေါသ
အဟုန် ခက်ထန်နေလျက် ညကို ပို၍
ချောက်ချားစေသည်။

ရိုးရာအိမ်လေးတစ်ခု၏ ခြံဝင်း။ မှိန်ကုပ်
ကုပ် ဖယောင်းတိုင်မီးအလင်းရောင်သည်
ဆီစိမ်စက္ကူကပ် တံခါးချပ်များနောက်
ယိမ်းနွဲ့နွဲ့။ ကချေသည်လေး
တစ်ယောက် အားပျော့စွာ ဖြေဖြော်နေ
သည့်နှယ်။

ဝါးရေရဟတ်မှ ကြည်လင်သန့်ရှင်းသော
စမ်းချောင်းရေများက စီးချက်ချ စီးဆင်း
နေသည်။ မိုးရွာပြီးခါစဖြစ်၍ ရွှဲစိုနေသော
ကျောက်ပြားပေါ် ခြေပစ်လက်ပစ်ထိုင်
ချလိုက်ရတော့သည်။ မောပန်းနေပြီ။
သဲကြီးမဲကြီးရွာချထားသော မိုးဒေဝါ၏
အကြွင်းအကျန် နောက်ပါးတော်မြဲရေ
မိုးစက်များက သူ့ကိုယ်ခန္ဓာပေါ်တစ်စက်
စက်ကျလျက်။ ခိုက်ခိုက်တုန်နေ
သည်ထက် ပိုနေပါပြီ။ အရိုးခွဲမတတ်အေး
ခဲနေသော နီပွန်မြေ၏ အအေးဓာတ်။
သူကျဉ်ကာ ကိုက်ခဲလာ၏။ အာရုံကြော
တွေ ဆိုင်းသွားမလားလေ။ တပ်ထား
သော မျက်မှန်ဝိုင်းလေးမှာရေမှုန်တွေနဲ့
ဝေကာဝါးနေပြီ။

အနောက်မှ ထပ်ချပ်မခွါလိုက်လာကြလေ
မလား သူ့ကိုများတွေ့သွားလေမလား
စသည်များပင် တွေးမပူနိုင်တော့...

စစ်ဖိနပ်ပါးပေါ် တဖြောက်ဖြောက်ကျ
ဆင်းနေသော မိုးရေစက်များရပ်တန့်သွား
သည်။ ထို့နောက် ဝေဝေဝါးဝါးဖြစ်နေ
သော မျက်မှန်ဝိုင်းပေါ် အရိပ်ထင်လာ
သည်က ခြေအိတ်ဖြူစွပ်ခြေထောက်သေး
လေးတစ်စုံ။ လှပသော ချယ်ရီပန်းထိုး
ခုံဖိနပ် နှင့်အောက်နားတွင် အနည်း
ငယ်စိုနေသော ကီမိုနို။

"ဂေရှား..."

သူရေရွတ်သံကို တစ်ဖက်က ကြားမကြား
မသိ။
ချယ်ရီရောင်ကီမိုနိုဝတ်ရုံပိုင်ရှင်ကို ပြည့်စုံ
အောင်ပင်မော်ကြည့်ခွင့်မရလိုက်။
သူ့အာရုံတို့ဝေဝါးသွားသည်။
နားထဲတွင်တော့ O Nee Chan ဟူသော အသံတိုးလျလျက နောက်ဆုံးကြား
လိုက်ရခြင်းပါ။

PRO ||Season 2||  Where stories live. Discover now