အပိုင်း ၂၁

33.6K 4.2K 187
                                    

"အားလပ်ရက် ၅ ရက်ရတယ်ဆိုတော့ မိဘတွေ
အိမ်ပြန်လို့ရပြီ...ပြီးတာနဲ့ P တို့ ရှေ့ဆက်မယ့် ကိစ္စတွေ ဆွေးနွေးကြတာပေါ့"

"ဟုတ်ကဲ့'

" ခုချိန်ထိ Seriesကို အောင်အောင်မြင်မြင်နဲ့
ရိုက်ကူးနိုင်အောင် ကြိုးစားပေးခဲ့လို့ Nongတို့ကို P တို့က ကျေးဇူးများကြီးတင်ပါတယ်"

HR executive မှ ​ကျေးဇူးတင်​စကားကိုအ
လေးအနက်​​ပြောသွား​ပေး၏။
ရိုက်ကူးရေးအဖွဲ့သားတွေ အားလုံး Director
ကြီးပါမကျန် သေချာကျေးဇူးတင်စကားပြော၍
ထိုင်နေရာမှ မတ်တပ်ထရပ် လက်အုပ်ချီလျက်
ကျေးဇူးတင်စကား ပြန်ပြောဖြစ်ကြသည်။ လွန်ခဲ့တဲ့၆ လ ဘာဆို ဘာမှ မဖြစ်သေးချိန် လမ်းသွားရင်တောင် ဘယ်သူမှ အရေးတယူ လှည့်မ
ကြည့်ခဲ့သည့် ဘဝမှ လူအများစိတ်ဝင်စားခြင်းခံရသောဘဝသို့ ကူးပြောင်းပေးခဲ့သူတွေ
တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကားကို
အလေးအနက်ထားပြောဖြစ်သည်။

ကိုယ်တို့ အဖွဲ့သားချင်းချင်းလည်း ပွေ့ဖက်ကြရ
သည်။ အားလုံး အတူတူစခဲ့ကြပေမယ့် Side
characterတွေက ခရီးတစ်ဝက်လောက်ပဲ
လျှောက်ဖြစ်ခဲ့ကြပြီး သူတို့ရဲ့ အသီးသီး ဇာတ်လမ်းတွေမှာ ရိုက်ကူးရေးစခဲ့ကြရသည်။
ဒါပေမယ့် သူတို့တွေ အားလုံးက Nong:The Series Teamထဲက မိသားစုတွေ ပေမယ့် အခုဆို အသီးသီး နယ်ပယ်တစ်ခုစီမှာ နေရာရနေ
ကြပြီ။

Dormထဲပြန်ရောက်တော့ လူက နည်းနည်းမက ထွေနေပြီ။ မတ်တပ်မရပ်နိုင်သည့် အခြေအနေမဟုတ်ပေမယ့်
တစ်ခါတလေလေး ညီ့ကို ချွဲချင်၍ ညီတွဲ
ပေးတာကို ငြိမ်ပြီး လိုက်လာခဲ့တာ။ သူ့ခုတင်
ပေါ်မှာတင် လှဲချတော့လည်း အသန့်အပြန့်
ကြိုက်သူက ဘီယာနံ့နဲ့ တခြားအပျင်းနံ့တွေ
ရောနေသော ကိုယ့်ကို မငြိုငြင်တော့ပါ။
အေးလေ ဒီအခန်းသူဆက်သုံးချင်မှ သုံးတော့မှာပဲလေ...

"မမူးတော့ရင် ထတော့။ မင်း ဒီလောက်တော့
အသာလေးမှန်း ငါသိတယ်"

ရီဝေဝေ မျက်လုံးတို့အား မဖွင့်ပဲ တအင်းအင်း
ရယ်ရင်း

"ညီ ကလဲ" ဟု တမင်ချွဲမိသည်။

"လာထိုင်...ကိုယ်မှီချင်လို့"

ဘေးနားမှ နေရာလွတ်ကို လက်ပုတ်ရင်း ယိုင်တိုင်တိုင်နှင့် ခေါ်တော့

PRO ||Season 2||  Where stories live. Discover now