အပိုင်း ၂၈ -၁

30.7K 3.7K 94
                                    

Activity တွေ မျိုးစုံတက်ရသည်။ အလှူသွားလုပ်ရာ မြန်မာအောက်ပိုင်းက နယ်မြို့လေးတွေဆီ ကားတစ်တန် လှေတစ်တန် နဲ့ သွားကြသည့်တိုင် မောရကောင်းမှန်းမသိ။
ညီ ဖျားမှာ နာမှာ စိုးရိမ်နေကြပေမယ့် ညီ က
တော့ အပြုံးကို မဖြုတ်တမ်းတပ်ထား
တော့တာပဲ။ အတူပါလာသော ကျန်းမာရေးအဖွဲ့မှဆရာဝန် မလေး တွေတောင် ညီရဲ့ ကိုယ်ခန္ဓာတည်ဆောက်မှုထက် သန်မာတက်ကြွ နေမှုကို အံ့သြကြသည်။ သူတို့ စတွေ့ခါစက ဖြစ်ပါ့မလား လို့ ထုတ်မေးရသည် အထိ ထိရက်စရာမရှိ ဖြူဥနုနယ်နေသော ထိုကောင်လေးသည် အားကစားဘောင်းဘီကို ဒူးဆစ်ပေါ်ထိလိပ်
တင်ပြီး မိုးရေတွေထဲ မိုးကာတစ်ပိုင်းပင်
မကပ်ဘဲ သွားလာနေနိုင်သည်ကို ချီးကျူးကြ
သည်။

တော်သေးသည်။ ဤ ခရီးစဉ်တွင် မန်နေဂျာ
တွေနှင့်Ent မှ ဝန်ထမ်းတစ်ချို့သာ လိုက်ပြီး P'Na က ရန်ကုန်မှာ လုပ်မယ့် Fashion Showတစ်ခုအတွက် Make upပိုင်း တာဝန်ယူပေးလို့ ကျန်ခဲ့တာက ကံကောင်းတာပင်။ P'Na သာ ပါလာရင် ညီ့ကိုပြောနေတော့မှာ။

ဆယ်လီတာ ရေသန့်ဗူးတွေ ထမ်း။ ဆယ်ပြည်
ဝင်ဆန်အိတ်တွေ ဝင်သယ်လိုသယ် လုပ်
နေသော ညီ့ကိုတားလို့မနိုင်ကြတော့...
တီငယ်ပင် လွှတ်ထားတော့၏။ သတင်းသမားများ၏ ကိုယ်ပိုင် media အသီးသီးမှ တက်လာသော ပုံမျိုးစုံကြောင့် ထိုင်း မြန်မာ ပရိသတ်အစုစုတို့ ဂုဏ်ယူနိုင်ကြသည်။

"မပင်ပန်းဘူးလား P'Nine"

မြန်မာသတင်းထောက်မလေး၏ အမေးကို အ
ပြုံးဖြင့်သာ ခေါင်းခါပြသည်။

"မပင်ပန်းပါဘူး ခင်ဗျ..."

"P' တို့ကို ရန်ကုန်မှာ ပရိသတ်တွေက စောင့်နေ
ကြတယ်။ ရန်ကုန်ဘယ်တော့ပြန်မှာလဲ"

"ဟုတ်ကဲ့ ဒီနှစ်ရက်အတွင်း... ဟုတ်လား Rain"

အနောက်တွင်ရပ်နေသော ကိုယ့်ကို စကားဝိုင်းထဲပါအောင် ခေါ်သွင်းသေးသည်။ ဒါက တိုက်ပွဲလာမလာခင် နောက်ခံအင်အား ထပ်ဖြည့်ထား
ခြင်းပင်။

"ဟုတ်တယ်။ ကျောင်းမှာ မနက်ဖြန် အလှူရေ
စက်ချပြီး ညနေပြန်မှာ...ဒီနေ့နဲ့ဆို နှစ်ရက်"

မေးသူကိုသာ ဖြေပေးပြီး သတင်းထောက်မမ ကိုတော့ ပြုံးသာပြလိုက်သည်။

PRO ||Season 2||  Where stories live. Discover now