အပိုင်း ၃၁

33.3K 3.8K 87
                                    

ကုန်ပစ္စည်းအမှတ်တံဆိပ် Logo အရောင်နဲ့
ကိုက်ညီအောင် ဝတ်ဆင်ထားရသော အနုမြူ
ရောင် နှင့် အဖြူရောစပ်ထားမှုကြား ညီ့အပြုံး
တွေသည်လည်း လင်းတလဲ့လဲ့။ မြန်မာပြည်က
ပြန်လာပြီးတည်းက ညီ့ဆံပင်တွေကို ထပ်တိုကာပါးချလိုက်၍ အရင်လို ထူအုပ်အုပ်နှင့်
အရွယ်ရောက်ခါစကောင်လေး တစ်ယောက်ပုံမဟုတ်တော့။
ဒါကလည်း P'K ၏ Theory တစ်ခုပင်။ ဒီNong The Series တစ်ခုတည်းနှင့် ရပ်တန့်သွားမည်မဟုတ်သော ညီ့ အနာဂတ်အတွက်
နေကောင်းမြတ်သူ ပုံရိပ်ပဲ စွဲထင်နေလို့ မရ
တော့။
တခြားCharacter တစ်ခုအနေဖြင့် ကူးပြောင်းလွယ်စေရန် P'Na နှင့်တိုင်ပင်ပြီး ပုံစံပြောင်းထားခြင်းဖြစ်သည်။ အခုညီ့ပုံစံအသစ်သည် ၂၀ကျော်ယောကျာ်းတစ်ယောက်၏ နုပျိုမှုနှင့်
ခန့်ညားခြင်းအစိတ်အပိုင်းတို့ကို မြင်သာစေ
သည်။ ဒါသည်နောင်အခါ မင်းသမီးများနှင့်
တွဲရိုက်ပါက နဂိုရှိရင်းစွဲ ယောကျာ်းတစ်ယောက်အတွက်ချစ်စဖွယ်ကောင်းနေသော ကောင်
လေးတစ်ယောက်၏ပုံရိပ်မှ ဆန့်ကျင်ဖက်လိင်အမြင်တွင်Charmingဖြစ်နေစေခြင်းကို ကူး
ပြောင်းလွယ်နိုင်သော ကြားခံပုံစံ။ နေကောင်း အနေနဲ့ဆိုလည်း သေခြင်းတရားမှ
ပြန်လည်လွတ်မြောက်လာသော ယောကျာ်း
တစ်ယောက်၏ သွေးသစ်လောင်းပုံစံပေါ့။

ကိုယ်ကတော့ ထူးထူးခြားခြားပြောင်းလဲမှုမရှိပါ။
ညီနှင့်ရော ကုန်ပစ္စည်း Logoနှင့် ပါ တွဲဖက်ညီ
လျက် ခန့်ညားနေသော အမျိုးသားပုံမပျောက်
အောင် အလင်းရောင် colour toneကိုလျှော့ချ
ပြီး အဖြူများများကိုသာ ဆင်ယင်ပေးထား
သည်။

"Mall အရှေ့မှာ ဂျာနယ်လစ်တွေ စောင့်နေကြ
တယ်။ အချိန် ၁၀မိနစ်လောက်ပေးထားတယ်။
Nong အွိုင် တို့ နှစ်ယောက် ကိုယ့်လူနောက်မှာ
နေနော်။ မေးချင်တိုင်း မမေးစေနဲ့"

"ဟုတ်ကဲ့"

မန်နေဂျာ လက်သစ်ဖြစ်သော တီငယ်၏ ပထမဆုံးOutdoor ပွဲလို့ပြောရမည်။ P'အွိုင်ကတော့ ဆရာမ ဖြစ်နေ၍ သိပ်တော့ စိတ်မလှုပ်ရှားပေ
မယ့် တီငယ့် ကိုတော့ ညီက မသိမသာ
နှစ်သိမ့်ပေးနေရသေး၏။

"တီ...ဘာမှ မစိုးရိမ်နဲ့ ။ Camera တွေ ကို်ယ်တို့
နဲ့ သာ အရမ်းမနီးလာဖို့ လောက်ပဲ ပြောပေး"

PRO ||Season 2||  Where stories live. Discover now