အပိုင်း ၂၈-၂

33.2K 3.6K 183
                                    

သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးသည့်နောက် Hotel တွေနှင့် ခမ်းနားသည့်နေရာတော်တော်
များများတွင်ကျင်းပသော ပွဲတွေတက်ခဲ့ဖူး
သည်။
အခု ကျွန်တော်ရောက်ရှိနေသော နေရာသည်
လည်း ဤခမ်းနားမှုများနှင့် နင်လားငါလား
သဘောရှိသည်။ မိုးစက်သည် ပြည့်စုံသော မိသားစု မှ ဆင်းသက်လာသော တစ်ဦးတည်း
သော သားဆိုတာမျိုးက သူပြောငါပြောနှင့်သိ
ထားပေမယ့် ဒီလောက်ထိ မထင်ခဲ့တာတော့
ဝန်ခံရမည်။ ဤကဲ့သို့ ကျယ်ပြောလှသော ခြံ
ဝင်းနှင့် သုံးထပ်ဆင့်တိုက်အိမ်ဆိုသည်မျိုးက
ထိုင်းမှာဆိုရင်တောင် သံရုံးတွေအဖြစ် တည်
ရှိနေတတ်တာ မဟုတ်လား။ သူတို့ကား ရပ်ခဲ့
ရသော ကားပါကင်တွင် စစ်စိမ်းရောင် အဝတ်
များအုပ်ထားသော ကားအစီးအရေအတွက်ကို
ဖြတ်ခနဲ ရေတွက်လို့မရသော အခြေအနေ။

"လာ...ထိုင်ကြနော်။ မေ...ကိုယ်တိုင်ချက်ထားတာတော့ မဟုတ်ဘူး။ ဒီရန်ကုန်မှာ နာမည်ကြီး
နေတဲ့ မြန်မာထမင်းဆိုင်က အော်ဒါမှာထားတာ
အအေးလည်း ကောင်းတယ်သောက်ပါဦး။"

လင်းထိန်လွန်းနေသော ဧည့်ခန်းအတွက် မျက်
နှာကျက်မှ တွဲလောင်းကျနေသော Crystal
ဖန်မီးဆွဲဆိုင်းများက နေရာယူထားသည်။
တီငယ်၊အွိုင် ပါမက P'Naနှင့် အတူပါလာသော
ဝန်ထမ်းတစ်ချို့ပင် အံ့သြမင်သက်နေသည်။
သူတို့ ဆိုချင်သလို ပြောဆို ဆူနေသော ထို
ကောင်လေး၏ နောက်ခံအရှိန်အဝါသည် သူတို့
လို လခစား ဝန်ထမ်းများအတွက်ဖျားလောက်
စေသည်ပဲ။

တည့်ခင်း ဧည့်ခံထားသော ထမင်းဝိုင်းတွင်
လည်း စားပွဲဝိုင်းရှည်အပြည့် ဖြစ်နေသော
ဟင်းခွက်များကြောင့် ဘယ်ဟင်းအရင် စစားရ
မှန်းမသိအောင် ဖြစ်ကြရသည်။

"ညီ ထည့်စား။ ဒါစားကြည့်။  ဒီဟာလည်း
ကောင်းတယ်" စသည်ဖြင့် Nine အံ့ ပန်းကန်ထဲ မပြတ်ထည့်ပေးနေသော ကောင်လေးကို
ကြည့်ပြီး ဂျင်းနီ သက်ပြင်းချမိသည်။ ထမင်းစားဝိုင်းထဲ Camera ကိုင်တာ မသင့်လို့ပေါ့ကွာ။
စပျစ်ခြံသွားလည်တုန်းက သူမကားကိုကပ်စီး
လျက် ဝိုင်ပုလင်းလိုချင်ရင် ပူဆာခဲ့သော
ကောင်လေးအိမ်တွင်တော့ အလှဆင်ထား
သော တန်ဖိုးကြီး ဝိုင်ပုလင်းအစုစုတို့ရှိနေလိမ့်
မည် ဟု သူမ မတွေးကြည့်မိဘူးပါ။
ဒီလောက်ထိ  ပြည့်စုံနေလို့လည်း...

PRO ||Season 2||  Where stories live. Discover now