Chapter 5

11.5K 1.3K 5
                                    

Jeon Jungkook......

''​နေ့လည်​စာ စားချိန်​လာ​ခေါ်မယ်
အပြင်​​တွေလဲလျောက်​မသွားပါနဲ့ hyungရဲ့ 
နွေ​​ရောက်ပြီ​ဆို​တော့ရာသီဥတုကပူလာပြီး
အပူလဲသိပ်​မခံနိုင်​ဘူးမဟုတ်​လား...
အတန်းချိန်​​စောပြီးလဲ​လျောက်​မသွားနဲ့​နော်​ 
ကျ​နော်​လာကြိုတဲ့အချိန်ထိ
libraryမှာဘဲ​စောင့်​​နေ​ပေး ဟုတ်​ပြီလား"

Hyungကို​​ကျောင်းဂိတ်ဝထိလိုက်ပို့ရင်း
သူစိတ်​မချစွာတတွတ်တွတ်​​မှာ​နေမိတယ်။
Hyung​ကျောင်းပြန်​တတ်​တာ
၁လနီးပါးရှိ​ပေမယ့်​သူစိတ်​မချနိုင်​..
ကိုယ်​တိုင်​ကား​မောင်းသွားရင်​ပင်​ပန်းမှာစိုးလို့
ကျောင်းကြို​ကျောင်းပို့အကုန်​လုံးကို
တတ်​နိုင်​သမျှသူကိုယ်​တိုင်​ဘဲလုပ်​​ပေး​မိသည်​။
သူမအားတဲ့တစ်​ရက်​နှစ်​ရက်​​လောက်သာ
Driverနဲ့သွား​စေတာ..

သူဘယ်​​လောက်​​ပြော​ပြော
ချစ်ရသူက​​တော့သူ့စကား​​တွေကို
နားထဲဝင်ပုံ​​တောင်​မ​ပေါ် ဂရုကိုမစိုက်​...
Ear phone​​လေးကောက်တပ်
Hoodie အိတ်ကပ်​ထဲလက်​​​လေးထည့်​ကာ
မကြားသလိုပုံစံနဲ့ ကြွကြွ​​ရွရွ​​လေး
ကျောင်းဝင်း​ထဲ လမ်း​​လျောက်ဝင်​သွား​​လေရဲ့...

သူ့တို့လက်​ထက်​ပြီး၁လအကြာမှာ
hyungက​ကျောင်းပြန်​တတ်​မယ်​လို့ဆိုတယ်​။
အစက​တော့ သူ့နား​တောင်​သူမယုံနိုင်
Kim Taehyungတစ်​​ယောက်
America မှာ​နေတုန်းထဲက
ကျောင်းတစ်​ခုပြီးတစ်​ခု​ပြောင်းကာ
အမျိုးမျိုးဒုက္ခ​ပေး​ကြောင်း 
ဘွဲ့ယူမယ့်​​နောက်​ဆုံးနှစ်​တွင်
စိတ်​မပါ​တော့လို့ဟုဆိုကာ 
ကျောင်းနားလိုက်တဲ့အ​ကြောင်း​​တွေကို
သူသိပြီးသား....

Koreaပြန်​​ရောက်​​တော့လဲ 
ကျောင်းပြန်တတ်ဖို့ကို
ဘယ်​လိုမှတိုက်​တွန်းမရလို့
သူ့မိဘ​တွေကိုယ်​တိုင်​ လက်လျော့ထားတာ
အခုပြန်တတ်တယ်ဆိုတာ 
ထူးဆန်းအံဖွယ်သုတ​​​ပင်။

ပိုပြီးထူးဆန်းတာကHyungက 
ကျောင်းပုံမှန်​တတ်​သလို စာလဲလိုက်​လုပ်​တယ်
အရင်​လို​ကောင်​​လေး​တွေနဲ့
ရှုတ်​ရှုတ်​ရှက်​ရှက်​လဲမရှိ​တော့....

Behind Every Mask { COMPLETED }Where stories live. Discover now