Chapter 13

11.6K 1.2K 20
                                    

Kim Taehyung.....

သူ့​အလုပ်​အချိန်​ဇယားအရသူဒီ​နေ့သွားစရာမလို
ကျောင်းကလဲ​နေ့လည်​တစ်​ပိုင်းသာ
အချိန်​လဲအား​နေကာ
အိမ်​လဲမပြန်​ချင်​တာကြောင့်​ 
နေ့လည်​​ကော်​ဖီအတူ​သောက်​ဖို့
ကျောင်းကအပြန်​ jungkookဆီ
သူဝင်​လာလိုက်​သည်​။

Jungkookကအချိန်​သိပ်​မရသလို
သူကလဲ​ဝေး​ဝေးမသွားချင်​တာ​ကြောင့်
လမ်း​လျှောက်သွားရင်​ရတဲ့
Companyအနားက​ ကော်​ဖီဆိုင်​ကို​သာ
နှစ်​​ယောက်​သား ​ရွေးလိုက်​သည်​။

ရာသီဥတုက မိုးအုံ့ကာအုပ်​အုပ်​ဆိုင်းဆိုင်း​လေး
ကော်​ဖီ​လေး အချိန်​ဆွဲ​သောက်​ကာ
ဟို​တွေးဒီ​တွေး လုပ်​ဖို့ကောင်းတဲ့အ​ခြေ​အနေမျိုး...

သို့​ပေမယ်​လဲ့
ဟိုလူ အချိန်​သိပ်​မရတာကြောင့်
ကြာကြာပင်​မထိုင်​လိုက်ရ
သောက်​ပြီးတာနဲ့မြန်​မြန်​သာ
ပြန်​လာလိုက်​ကြရသည်​။

"​နေ့လည်​​​နေ့ခင်း​လဲ breakခဏယူပြီး
ကော်​ဖီ​လေးဘာ​လေး ထွက်​​သောက်​ဦးသိလား
မင်းကြည့်​ရတာ နားချိန်​ကိုမရှိဘူး
ဘယ်​နှယ့်​.....တစ်​ချိန်​လုံး
အလုပ်​ကြီးဘဲလုပ်​​နေလို့
ဘယ်​ဖြစ်​မလဲ"

ကော်​ဖီသောက်​ပြီး
နှစ်​ယာက်​အတူလမ်း​လျှောက်​ပြန်လာချိန်
သူကအလိုမကျစွာဆူ​နေ​ပေမယ့်
သူ့​ဘေးက​ရေခဲတုံးက​တော့ ဘာမှပြန်​မ​ပြော
ပြုံးရုံသာပြုံး​နေသည်​....။

"Hyung သိလား...အခုတ​လော​လေ
hyungကျ​နော့်​ကို​ရှောင်​​နေတယ်​လို့
ခံစားရတယ်​"

ဘာမှမဆိုင်​ဘဲ ရုတ်​တရက်ကြီး​ပြောချလိုက်​တဲ့
Jungkook စကား​ကြောင့်
သူ​ကြောင်​သွားတယ်​။

"ငါကဘာလို့​ရှောင်​ရမှာလဲ
ငါသာမင်းကို​ရှောင်​​နေရင်
ငါ့ဘာသာငါ​ကျောင်းနားကဆိုင်​မှာဘဲ
သောက်​လိုက်​မှာ​ပေါ့
အခုလိုမင်းဆီကို
တ​ကူးတ​က​တောင်​လာ​​မ​နေ​​တော့ဘူး"

မျက်နှာမပျက်​​အောင်ထိန်းရင်း
သူပက်​ခနဲ ပြန်​ငြင်း​တော့
Jungkookဘာမှဆက်​​ပြော​တော့...
သူလဲမသိချင်​​ယောင်​​ဆောင်​ကာ
ဟို​ငေးဒီ​ငေးလုပ်ရင်း
လမ်းဆက်​​လျောက်​​လာလိုက်​တယ်​။

Behind Every Mask { COMPLETED }Where stories live. Discover now