Chapter 11

11.6K 1.3K 20
                                    

Shila Hotel,Seoul......

"​ကျောင်းတစ်​ဖက်​ အလုပ်​တစ်​ဖက်​နဲ့ဆို​တော့
မင်း​တော်​​တော်​ပင်​ပန်းမှာဘဲအလုပ်​ကရော
အခုမှစ​လေ့လာတုန်းဆိုတော့
အဆင်ပြေရဲ့လား"

Minjaeရဲ့အ​မေးကိုသူ​ခေါင်းဘဲငြိမ့်​ပြရင်း
လက်​ထဲကwhiskeyကို
တစ်​ရှိန်​ထိုး​မော့ချလိုက်​တယ်​။
တကယ်​​တော့
Seoul Highရဲ့​ကျောင်းသား​ဟောင်းများ​တွေ့ဆုံပွဲကိုသူမတတ်​ချင်​...
အလယ်​တန်းအထိသာkoreaမှာ​နေခဲ့သူမို့
ဒီပွဲမှာသူ့ သူငယ်​ချင်းသိပ်​မရှိ။

သို့​ပေမယ်​လဲ
ရှားရှားပါးပါးခုထိသူငယ်​ချင်းဖြစ်​​​​နေသော
Minjaeရဲ့hotelမှာလုပ်​တဲ့ပွဲမို့လို့သာမက
Minjaeကိုယ်​​တိုင်​ကလဲ
အတင်း​ခေါ်​နေတာ​ကြောင့်
မကောင်းတတ်​၍သူလာခဲ့လိုက်​သည်​..။

"ကြားရတာ​တော့ jeon jungkookက
မင်းကို အရမ်းဂရုစိုက်​တယ်​ဆို
အဲ့ဒီ​ရေခဲတုံးက အဲ့လို​တွေလုပ်တတ်မယ်လို့
ထင်​​တောင်​မထင်​ထားဘူး"

Jiyongရဲ့အ​ပြောကိုလဲ
သူအပြုံးဖြင့်​သာတုန့်​ပြန်​ရင်း
နောက်​တစ်​ခွက်​ကိုသာ
ဆက်​​သောက်​​နေမိသည်​....။

"တကယ်​​တော့ jeon jungkookကို
ငါ့appaက သားမတ်​သိပ်​​တော်​ချင်​တာ
noonaနဲ့မိတ်​ဆက်​​ပေးပြီး
တွေ့​ပေးဖြစ်​​သေးတယ်
jeon jungkookက​အေးတိ​အေးစက်နဲ့​လုံးဝကို
မတုန်မ​လှုပ်​ဘဲ...
ကြာ​တော့noonaလဲ စိတ်​ညစ်​လာလို့
appaလက်လျော့လိုက်ရတာ...
Taehyung.ya....မင်း​နဲ့​တွေ့မှ
အရည်​​ပျော်​သွားတာကိုး
မင်းကို​တော့အရမ်းချစ်​ပြီး
ဂရုစိုက်တယ် ​​​မဟုတ်​လား"

Jiyongရဲ့စကားအဆုံး သူခပ်​ဖွဖွရယ်​ရင်း
ခေါင်းအသာယမ်းမိတယ်​..။
jungkookသူ့ကိုချစ်​လား
မချစ်​လားဆိုတာ သူမသိ
အရမ်းဂရုစိုက်​တာက​တော့ အမှန်​ပင်​....။

Jiyongရဲ့အ​ဖေ ဥက္ကဥParkဟာ
jungkookကိုသူ့သမီးနဲ့
အရမ်းသ​​ဘောတူတယ်​ဆိုတာကို
သူလဲသိသည်​။
လူငယ်​ချင်း​တွေ့​ပေးလို့အဆင်​မ​ပြေသဖြင့်
လူကြီးချင်းစီစဉ်​​ပေးရန်​အထိပါ
appaဆီ​ပြောဖူးသည်​။

သူနဲ့သာလက်​မထက်​ဖြစ်​ရင်
အခုချိန်​jungkookဟာ
jiyongရဲ့noona Park groupရဲ့သမီး
Park Miyongကိုလက်​ထက်​ဖြစ်​​လောက်မှာ.....
သူနဲ့လဲ appa​ကြောင့်​သာ
ယူဖြစ်​ကြတာမဟုတ်​လား..။

Behind Every Mask { COMPLETED }Where stories live. Discover now