Birthday Extra

16.9K 1.3K 64
                                    

"saeng il chuk ha ham ni da
saeng il chuk ha ham ni da
sarang ha neun Taehyung shi
saeng il chuk ha ham ni da"

Laptopမှန်သားပြင်ကိုဘဲ
သူမမှိတ်မသုန်ကြည့်နေမိတယ်။
အနားမှာjungkook မရှိတဲ့ခံစားချက်ဟာ
တစ်ကယ်ကိုဆိုးဝါးလွန်းလှသည်။
မွေးနေ့ကိုတူတူဖြတ်သန်းချင်ပေမယ့်
ကံကြမ္မာကသူ့ကို
သိပ်မျက်နှာမပေးချင်ဘူးထင်ရဲ့...။
မွေးနေ့မတိုင်ခင်နှစ်ရက်အလိုထဲက
Japanကအရေးကြီးစာချုပ်ကိစ္စတစ်ခုကြောင့်
Jungkook အရေးပေါ်ခရီးထွက်သွားလိုက်ရတာ
အခုထိပြန်မလာနိုင်သေး။

Jungkook ကbirthday songဆိုပြီးတော့
ကိတ်မုန့်လေးပေါ်က
တစ်တိုင်ထဲသောဖယောင်းတိုင်လေးကို
မီးမှုတ်ပြီးနောက် သူ့ကိုဆုတောင်းခိုင်းတယ်။
မတူညီတဲ့ဒေသနှစ်ခုကိုရောက်နေတာတောင်
Jeon Jungkook သည်သူ့ကိုမရ ရတဲ့နည်းနဲ့ဂရုစိုက်ဖို့ အကြံအမြဲရှိနေပုံရသည်။

"Miranhae hyung....
ကိုယ်တိုင်အနားမှာရှိပေးချင်ပေမယ့်
မလာခဲ့နိုင်လို့ခွင့်လွတ်ပေးပါ.."

Jungkook မျက်နှာက
စိတ်မကောင်းဖြစ်နေပုံရသလို
သိသိသာသာပင်ပန်းနေပုံလဲရသည်။
တစ်နေကုန်အလုပ်ရှုပ်ပင်ပန်းထားတာကို
မနားနိုင်ဘဲ ညသန်းခေါင်ကြီးကိုvideo callခေါ်ပြီး
သူ့ကိုမွေးနေ့လုပ်ပေးနိုင်တဲ့အထိ
Jeon jungkook သည်
တော်တော်အပင်ပန်းခံနိုင်လွန်းလှသည်။

"ရပါတယ်ဆို...
အခုအလုပ်ကဖျက်လိုက်လို့မှမရတာ
ငါနားလည်ပါတယ်..."

ကိုယ်တိုင်လဲစိတ်သိပ်မကောင်းပေမယ့်
Jungkook ပိုစိတ်မကောင်းဖြစ်နေမှာမို့လို့
သူဘာမှထပ်ဂျီမကျတော့။
မှန်သားပြင်ပေါ်မှာမြင်နေရတဲ့
မျက်နှာကိုငေးကြည့်ရင်းသာ
အလှဆုံးပြုံးပြလိုက်မိသည်။

"မနက်ဖြန်အလုပ်ပြီးတာနဲ့
ချက်ချင်းပြန်လာခဲ့မယ်နော်...စောင့်နေ"

"Arnyi....နောက်တစ်ရက်မှဘဲပြန်လာတော့
မနက်ဖြန်အလုပ်ပြီးပြီးချင်း
ချက်ချင်းပြန်လာရင် မင်းပင်ပန်းနေလိမ့်မယိ...
မွေးနေ့ကအခုလဲလုပ်ပေးပြီးပြီးကို.."

Jungkook ကဘာမှပြန်မဖြေ။
ပြုံးရုံသာပြုံးနေသည်...။

"ဒါနဲ့ hyung ဘာဆုတောင်းတာလဲ"

Behind Every Mask { COMPLETED }Where stories live. Discover now