Chapter 7

11.9K 1.3K 21
                                    

Jeon Jungkook......

တစ်​ကိုယ်​လုံး​ချွေး​တွေရွဲကာ
သူရုတ်တရက်​​နိုးလာသည်​။
အဖျား​ကျသွားသလို 
ခေါင်းကိုက်​လဲ​ပျောက်​သွားပြီဖြစ်​​ပေမယ့်
လူကအားသိပ်​မရှိ....

ထဖို့ပြင်​လိုက်​ချိန်​မှာ​​ တွေ့လိုက်ရတာက
သူ့​​ဘေး မလှမ်းမကန်းမှာအိပ်ပျော်နေတဲ့hyung
ကုတင်​​ဘေး​ကNightstand​ပေါ်မှာ​တော့
ရေဇလုံတစ်ခုနဲ့ သဘတ်​တစ်​ထည်​...
သူ့ကိုယ်​သူ ပြန်​ကြည့်​မိ​တော့
ညက၀တ်​ထားတဲ့ အ၀တ်​အစား​တွေမဟုတ်​...
အဲ့ဒါဆို သူအဖျားရှိန်​​ကြောင့်​သတိ​မေ့​နေချိန်​မှာ
hyung​ရေပတ်​တိုက်​​ပြီး
အ၀တ်​​တွေလဲထား​ပေးတာ​ပေါ့။

ကြည်​နူးမှုကနှိုင်းပြလို့မရ 
ရင်​ထဲစမ်း​ချောင်း​လေးတစ်​ခု
ဖြတ်​စီးဆင်း​သွားသလိုပင်။
သူ့​ဘေးက အရုပ်​က​လေးက​တော့
နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေဆဲ...

တစ်​ခါမှဒီ​လောက်​နီးနီးကပ်​ကပ်
မ​နေဘူးတာ​ကြောင့်
အခွင့်​​ရေးရတုန်း
သူတစိမ့်​စိမ့်​ကြည့်​​နေမိသည်​။

ဖြူ နု​နေ​သောမျက်​နှာ​လေးက
ပါး​ပေါ်ကအ​ကြောစိမ်း​လေး​တွေပါ
မြင်​​နေရသည်​ ​​။
ရွေအိုရောင်​ဆံပင်​​လေး​တွေကနှဖူးထက်ဖရိုဖရဲ...
မျက်​​တောင်​ရှည်​ရှည်​​လေး​တွေက
ပါး​ပြင်​​ပေါ်ကို​အရိပ်​ကျ​နေတယ်​။
နီရဲနု​အိ​နေတဲ့နှုတ်​ခမ်း​လေးဆီ
သူ့အကြည့်​​တွေ​ရောက်​မိ​ချိန်​မှာတော့
သူအာ​ခေါင်​​တွေ​ခြောက်​လာတယ်​။

မလုပ်သင့်မှန်းသိ​​ပေမယ့်
သူ့စိတ်​ကို်​သူ​မထိန်းနိုင်​​တော့......
ခွင့်​လွှတ်​ပါ​Hyung
တစ်​​ခေါက်​​လောက်​ဘဲဖြစ်ဖြစ်
ပိုင်​ဆိုင်​ဖူးချင်​လို့ပါ.....။

အနားဖြည်းဖြည်းကပ်ရင်း
နှုတ်ခမ်းလေးကို​​​​​​​ ခပ်​ဖွဖွ​လေး
ထိကပ်​နမ်းလိုက်​မိတယ်​။
အစကခဏလို့သာ ရည်ရွယ်​​ပေမယ့် 
တကယ်​တမ်းထိ​တွေ့ရချိန်​မှာ
သူဘယ်​လိုမှ မထိန်းချုပ်​နိုင်​ခဲ့...
ဖွဖွ​လေးထိနမ်းကြည့်​ရုံသာ
စိတ်​ကူးမိ​ပေမယ့်​လဲ
တကယ့်​လက်​​တွေ့မှာ​​တော့
ချစ်ရသူရဲ့​နူးညံ့ချိုမြိန်​တဲ့ နှုတ်ခမ်း​​လေးကို
သူမလွတ်​​ပေးနိုင်​​တော့....

Behind Every Mask { COMPLETED }Where stories live. Discover now