Chapter 14

11.9K 1.2K 62
                                    

At Shila Hotel,Ball room...

"မင်းဘာသာမင်းဘဲ
နှုတ်​ဆက်​စရာရှိတာ​တွေကို
သွားနှုတ်​ဆက်​တော့​နော်​ ငါပင်​ပန်း​နေပြီ
မင်းအ​နောက်​ တစ်​​ကောက်​​ကောက်​လိုက်​ပြီး
ငါမသိတဲ့လူ​တွေကိုလဲ
လိုက်​မနှုတ်​ဆက်​ချင်​​တော့ဘူး
ကိစ္စတစ်​ခုခုဆိုမှ​ခေါ်လိုက်​​လေ
ငါMinjaeနဲ့စကား​သွားပြောနေလိုက်​ဦးမယ်​"

သူ့စကားအဆုံးမှာ jungkookကသူ့လက်​ကို
မလွတ်​ချင်​လွတ်​ချင်​နဲ့ လွတ်​​ပေးတယ်​။
Minjae​ကောင်းမှုနဲ့​​သူလိုက်လာခဲ့ရတဲ့ညစာစားပွဲ​..

သူစ​ရောက်​ထဲက Choi minjaeကို
ခဏသာနှုတ်​ဆက်​လိုက်​ရသည်​။
အခုထိစကား​တောင်ေ​သချာမ​ပြောရ​သေး
ဟို​ကောင်​သည်​လဲ သူ့appa​ခေါ်တဲ့​နောက်
တစ်​​ကောက်​​ကောက်​လိုက်​ရင်း
တွေ့သမျှလူနှုတ်​ဆက်​ကာ
စိတ်​ပျက်​လက်​ပျက်​ဖြစ်​​နေပြီ။

Minjaeစိတ်​ညစ်​မယ်​ဆိုလဲညစ်​စရာပင်
MusicကRetro styleတီးဝိုင်း
တက်​လာသူ​တွေကလဲ
အသက်​ကြီးကြီး လူ​ကြီးတွေချည်းသာ
လူငယ်​​တွေလဲသိပ်​မရှိ...

သူ့အ​နေ​နဲ့လဲ ပုံမှန်​အတိုင်းဆို
ဒီလိုပွဲမျိုးကိုသူတက်​မှာမဟုတ်​သလို
Jungkookကလဲသူ့ကိုမ​ခေါ်​လာ​လောက်​​ပေ။
Jungkookက​ အလုပ်​နဲ့ပတ်​သက်​လာ​ရင်
ဘယ်​​နေရာမဆိုအဆင်​​ပြေ​​​ပေမယ့်
သူ့က​တော့မရ...
သူ့အ​ကြောင်းကိုသိ၍
Jungkookက သူတက်​ဖို့လိုတဲ့ပွဲမျိုးကိုသာ
ခေါ်သွား​လေ့ရှိသလို
ဘယ်ပွဲဖြ​​စ်ဖြစ်​​စရောက်​ထဲက ပြန်​တဲ့ချိန်​အထိကို
သူ့လက်​ကိုမလွတ်​တန်းကိုင်​ထားတတ်​သည်​။

အခု​တော့အခုပွဲက သူနဲ့မအပ်​စပ်​သလို
သူ့အသိကလဲ Minjaeတို့မိသားစုသာရှိသည်​။
တစ်​ခြားလူကြီး​တွေကို သူသိပ်​မသိ
ပျင်းစရာ​ကောင်းတဲ့​နေရာမျိုးမှာ
မသိတဲ့လူတစ်​​ယောက်​ပြီးတစ်​​ယောက်​ကို
ဟန်​​ဆောင်​ပန်​​ဆောင်​နဲ့
လိုက်​ပြုံးပြနှုတ်ဆက်​​နေရတာ သူစိတ်​ညစ်​​နေပြီ။
ထပြန်​ဖို့ဆိုတာကလဲ
Jungkookကိစ္စ​တွေမပြီး​သေး
သူ့မျက်နှာထားကို​ကြည့်​ရင်း
သူစိတ်ညစ်ေ​နတာကို​​Jungkookလဲသိ​နေ​ပြီ​မို့
သူ့ကိုအနားမှာအတင်းဆွဲမထား​​တော့...

Behind Every Mask { COMPLETED }Where stories live. Discover now