Chapter 15

12.5K 1.2K 71
                                    

"ကျ​နော့်​​ယောက်ျားအရမ်းမူး​နေတယ်​လို့
အသိတစ်​​ယောက်​ကဖုန်းဆက်​ပြော​လို့
လာပြန်​​ခေါ်တာပါ ဂရုစိုက်​ပေးထားတာ
ကျေးဇူးတင်​ပါတယ်​Choi Minjae shi"

Jungkookကတည်​တည်​ငြိမ်​ငြိမ်​ပင်
အခန်းဝက​နေminjaeကိုလှမ်းနှုတ်​ဆက်​သည်​။
Jungkookစကားအဆုံးမှminjaeက
ကြောင်​​တောင်​​တောင်​နဲ့လမ်းဖယ်​​ပေးတယ်​။

သူ​ရောminjaeပါထိတ်​လန့်​ပြီး
ဘာ​ပြောရမှန်းမသိ​ကြောင်​​နေတုန်း
Jungkookကအခန်းထဲဝင်လာပြီး
သူ့အနား​ရောက်​လာကာ
ကုတင်​​ပေါ်ကသူ့ကိုဆက်​ခနဲ​ပွေ့ချီလိုက်​သည်​။

"ခွင့်​ပြု​ပါ​ဦး Choi Minjae shi"

Minjaeပြန်​​ပြောတာ​တောင်​မ​စောင့်​ဘဲ
သူ့ကိုပွေ့ချီရင်းနဲ့အခန်းထဲက​​နေ
ခြေလှမ်းကြဲနဲ့ထွက်​သွားတဲ့jungkook...
သူ့ကိုလဲ စကားတစ်​ခွန်းမှ​မ​ပြော​သေး
သူကလဲ အလန့်​လွန်​ကာအသံမထွက်​နိုင်
အပြင်ေ​ရာက်တဲ့အထိ​jungkookရင်​ခွင်​ထဲမှာ
ငြိမ်​ငြိမ်​သက်​သက်​နဲ့သာပါလာသည်​။

"​အေးတယ်​hyungအ​ပေါ်ထပ်
ထပ်​၀တ်​လိုက်​​နော်​"

ကား​ပေါ်​ရောက်​တာနဲ့jungkookက
သူ့ကို​နေရာချ​ပေးပြီး
အ​နွေးထည်​ကိုလှမ်းခြုံ​ပေးတယ်​။
Jungkookပုံစံက ဘာမှမ​ပြောင်းလဲ
အရင်​သူ့ကိုဆက်​ဆံ​နေကျအတိုင်းပင်
ဒ၊​ပေမယ့်​ သူ့မျက်​နှာကို​တော့မကြည့်​...

ခုနကအဖြစ်​အပျက်​​တွေအားလုံး​ပေါင်းကာ
စိတ်​ရှုပ်​တာ​ရော ငိုချင်​တာ​ရော​ပေါင်းပြီး
သူဘာအသံမှမထွက်​မိ....
လူကထူပူကာ
ဘယ်​လိုရှင်းပြရလဲမသိ​တော့
ခေါင်းကလဲတစ်​ရိပ်​ရိပ်​နဲ့ပြန်​မူးလာသည်​။

အိမ်​​ရောက်​​တော့လဲ
ဘာမှမဖြစ်​ချင်​​ယောင်​​ဆောင်​ကာ
ဘာတစ်​ခွန်းမှမ​ပြောတဲ့ jungkook
ကား​ပေါ်ကဆင်းလားပြီး အိမ်​ထဲ​ရောက်​တာနဲ့
အ​ပေါ်ထပ်​ကအိပ်​ခန်းဆီကိုသာ
တန်းတက်​သွားသည်​။
သူjungkookအ​နောက်​က​နေ
လိုက်​တက်​လာ​ပေမယ့်​ သူ့ကိုလှည့်​မကြည့်​ပေ။

"Goodnight hyung
နား​တော့​နော်​"

သူ့ကိုမျက်​နှာမကြည့်​ဘဲနှုတ်​ဆက်​ပြီး
သူ့အခန်းထဲသူဝင်​ဖို့လုပ်​​နေတဲ့Jungkookကို
သူသည်းမခံနိုင်​​တော့...

Behind Every Mask { COMPLETED }Where stories live. Discover now