Chapter 10

11.7K 1.3K 27
                                    

Jeon Jungkook......

သူအိမ်​ပြန်​​ရောက်​​တော့ ည၈နာရီ
ဆင်​၀င်​​အောက်​ရပ်​ထားတဲ့
Ferrari အနီ​ရောင်လေးကိုမြင်​​တော့
သူစိတ်​​အေးသွားတယ်​။
hyung အိမ်​ပြန်​​ရောက်​​နေပြီဆိုတဲ့သ​ဘောပင်​။

ခု​နောက်​ပိုင်း သူ့ဘာသာသူ
ကား​မောင်း​သွားချင်​တယ်လို့
hyungဆိုလာ​​တော့
သူဘာမှမတတ်​နိုင်​။
စိတ်ပူ​​ပေမယ့်​လည်း h​yungအလိုကျ
ခွင့်​ပြုရသည်​သာ...။

သက်ပြင်းဖွဖွချကာ Necktieကို​ဖြေ​လျော့ရင်း
သူအိမ်​ထဲဝင်​လာလိုက်​တယ်​။
ရေ​အေး​အေး​ သောက်​ချင်လာ​တာေ​ကြာင့်
အ​ပေါ်မတတ်​​​သေးဘဲ
ထမင်းစားခန်းဆီသာ တန်း​လာလိုက်​တယ်
ဝင်​၀င်​ချင်းမြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်
သူပြုံးမိသွားတယ်​..။

ထမင်းစားပွဲ​ပေါ်
မှောက်​ရက်​အိပ်​​ပျော်​​နေတဲ့hyung...
ပြန့်ကြဲ​​နေတဲ့စာအုပ်​​တွေရယ်
ဖွင့်​ရက်​သားLaptopတစ်လုံးရယ်​ 
ဘေးမှာလဲစားလက်စ
အသင့်​စား​ ခေါက်​ဆွဲ​ဘူးနဲ့snackအခွံ​တွေ..

အခု​နောက်ပိုင်း ​​hyung တော်​​တော်​ကို
ပြောင်းလဲလာသည်​။
ေ​ကျာင်းစာတစ်ဖက်အပြင်
Kim groupရဲ့စား​သောက်​ကုန်​လုပ်​ငန်းခွဲမှာပါ
အလုပ်​သင်​အ​နေနဲ့ ၀င်​လုပ်​​နေပြီ
Hyung​ပြောင်းလဲလာတာကို သူဝမ်းသာ​ပေမယ့်
အရမ်းပင်ပန်းနေတာမြင်​​တော့လဲ
စိတ်​မ​ကောင်း....

သူ​ရေ​သောက်​ပြီးလို့
အ​တော်​ကြာရပ်​ကြည့်​​နေတဲ့အထိ
Hyungကနိုးမလာ
နောက်​ဆုံးမ​နေနိုင်တော့လဲ
အသာအယာလှုပ်​နှိုးလိုက်​ရတယ်​။

"ပြန်​​ရောက်​​နေပြီလား ငါစာလုပ်​​နေရင်း
အိပ်​​ပျော်​သွားတာ"

မျက်​လုံး​တွေပွတ်​ပြီး သူ့ကိုနှုတ်ဆက်တယ်
ပြီး​တော့ အိပ်​ချင်​မူးတူးနဲ့
အ​ရှေ့ကစာအုပ်​ကိုပြန်​ဖတ်​​နေတယ်​။

"ပင်​ပန်း​နေလဲ ခဏနား​လိုက်​လေ ည​စာလဲ
မစားရ​သေးဘူးမဟုတ်​လား တစ်​ခုခုလုပ်​​ပေးမယ်​"

"......."

"​​သြော်​...ဒါနဲ့Assignment deadlineက
ဘယ်​​တော့မို့လို့လဲ
အလုပ်​က​​ရောအဆင်​​ပြေရဲ့လား"

Behind Every Mask { COMPLETED }Where stories live. Discover now