Chapter 6

11.5K 1.3K 3
                                    

Kim Taehyung...

သူအိပ်​ယာနိုး​တော့မနက်​၉နာရီ
အင်း.....အ​စော​ကြီးနိုး​နေတာဘဲ။
မနက်ပိုင်းေ​​ကျာင်းချိန်​ရှိ​သောရက်​​တွေမှာ
သူ​စော​စောထ​လေ့ရှိ​ပေမယ့်
ခုလိုစ​နေ တနင်္ဂ​နွေ အားလပ်ရက်မျိုးဆိုလျှင်တော့
သူ​ထချင်​တဲ့အချိန်​မှသာ ထ​လေ့ရှိတယ်​။

ရေချိုးသန့်​စင်ြ​ပီး​အောက်​ထပ်​ဆင်းလာ​တော့
တစ်​အိမ်​လုံးက တိတ်​ဆိတ်​​နေတယ်
Jeon Jungkook အပြင်​ထွက်​သွားတာလား
ထမင်းစားခန်းထဲ​ရောက်​​တော့ စားပွဲပေါ်ဘာမှမရှိ 
ရေခဲ​သေတ္တာကိုကြည့်​​တော့လဲ
နေ့တိုင်း​တွေ့​နေကျ sticky note​လေးမ​တွေ့
ထူးဆန်းလိုက်​တာ ..။

ပုံမှန်​အတိုင်းဆိုJeonဟာ
အရမ်းအလုပ်​များပေမယ့်
သူနဲ့ပတ်​သက်​လာရင်​​တော့ဂရုစိုက်​တတ်​သူ​..
အချိန်​မ​လောက်​လို့ မနက်​စာ ညစာ
မ​ချက်​ကျွေးနိုင်​တဲ့နေ့မျိုး ဆိုရင်​​​တောင်
သူ့အကြိုက်​ဆုံး resturantက
သူကြိုက်​တတ်​တာ​လေး​တွေ​ကို
မှာ​ပေးထားတတ်​တဲ့သူမျိုး...

Jeonက​ စော​စောအလုပ်​သွားတတ်​သူမို့
မနက်​ဖက်​​တွေဆို သူနဲ့မဆုံတာဖြစ်တာများသည်​။
ဒါ​ပေမယ့်​လဲ Jeonသည်
သူဒီ​​နေ့ဘယ်​သွားမယ်
ဘာလုပ်​မယ်​ ဘယ်​အချိန်ေ​လာက်
ပြန်ေ​ရာက်မယ်​​​ဆိုတာမျိုးကို
sticky note ​​လေး​တွေ​ပေါ်မှာ
ေ​န့တိုင်းရေးတတ်​ပြီး
သူမြင်​သာတဲ့​နေရာမှာကပ်​ထား​ပေး​လေ့ရှိတယ်​။

ဒါ​​ပေမယ့်​ဒီ​နေ့​​တော့
ဘာစားစရာမှမ​တွေ့သလို
ဘာnoteမှလဲမ​တွေ့
သူဗိုက်​ဆာလာလို့
တစ်​ခုခုစားဖို့စဉ်းစား​ပေမယ့်
ခက်​တာက သူဘာမှမလုပ်​တတ်​ 
ယုတ်​စွာအဆုံး
ခေါက်​ဆွဲ​ပြုတ်ေ​တာင်​ဘယ်​လိုပြုတ်​ရလဲသူမသိ..

စိတ်​ပျက်​လက်​ပျက်​ နဲ့အပြင်​ထွက်​စားဖို့
သူခြံထဲဆင်းလာ​တော့
Jeonကားကခြံထဲမှာရှိ​နေတုန်းပင်..

ဟင်​...အိမ်​မှာရှိ​နေတုန်းလား
အဲ့ဒါဆို သူ့အခန်းထဲမှာ​​ပေါ့...
အခန်းထဲတစ်ခုခုဖြစ်​နေတာ​တော့
မဟုတ်​လောက်​ပါဘူး​​နော်
ဘာမှမဖြစ်ဘူးဆိုလဲ
ဘာလို့ခုချိန်​ထိထွက်​မလာရတာလဲ
ငါသွားကြည့်​သင့်​လား...

Behind Every Mask { COMPLETED }Where stories live. Discover now