Chapter 8

11.9K 1.3K 27
                                    

Kim Taehyung.........

"Wow.......ခုမှဘဲပင်​လယ်​​လေ
လတ်​လတ်​ဆက်​ဆက်​ရှုရတယ်
Seoulမှာ ပင်​ပန်းထားသမျှ
အခု အတိုးချပြီးနားရမယ်​"

Jeju​လေဆိပ်​မှာ
လာကြိုတဲ့ကား​​ပေါ်လိုက်လာရင်း
သူ​ပျော်​​နေမိတယ်​။
ကားမှန်​ကိုချ​ လိုက်​တော့တိုးဝင်​လာတဲ့​လေက
ပင်​ပန်းမှု​တွေကို ယူပစ်​သွားသလိုပင်​။
Jeju....သူအကြိုက်​ဆုံး​နေရာ။

သူကသာတက်​ကြွ​နေတာ
Jeon Jungkookက​တော့
အရင်​အတိုင်းမထုံတတ်​​တေး​ပေ။
လွန်​ခဲ့တဲ့နှစ်​ပတ်
jungkook​ နေမ​ကောင်းဖြစ်​​ပြီး​နောက်​ရက်
appaနဲ့သူ jungkookကို
ဆေးရုံ အတင်း​ခေါ်သွားပြီး
medical check-upလုပ်​​တော့
ဆရာဝန်​က စိတ်​ဖိစီးမှု​အရမ်းများတယ်
အနားယူဖို့လိုတယ်​လို့ ​ပြော​ပေမယ့်
jeon jungkookကလက်​မခံ။
အရင်​အတိုင်း အလုပ်​ကိုသာ
သဲကြီးမဲကြီးလုပ်​တုန်း...

Appaကလဲသူ့ကို
အနားယူခရီးထွက်​ဖို့​​ပြော​ပေမယ့်​​လဲမရ​။
နောက်​ဆုံး သူ​ကိုယ်​တိုင်
ကျောင်းက spring break ခဏရတုန်း
ခရီးသွားချင်​တယ်​ဟုဆိုကာ
jejuကို အတင်း​ခေါ်လာတာ​ကြောင့်​သာ
ပါလာချင်းဖြစ်​တယ်​။

Jejuက အပန်း​ဖြေအိမ်​က​တော့
အရင်​အတိုင်း​ပင်
ပင်​လယ်​ကမ်း​စပ်​နားမှာခြံကျယ်​ကျယ်​နဲ့
ဝရံတာအပြည့်​ပါတဲ့ ထိုအိမ်​ကြီးဟာ
သူတို့မိသားစု စုံစုံလင်​လင်​ရှိချိန်​တုန်းက
သူရဲ့​ပျော်​စရာ ငယ်ဘ၀အမှတ်တရများ
ရှိခဲ့တဲ့​​နေရာတစ်ခု
ငယ်​ငယ်​က အမြဲလာချင်​ခဲ့တဲ့​နေရာ...

လူမ​နေ​ပေမယ့်
အလုပ်​သမားများအမြဲသန့်​ရှင်း​ရေး
လာလုပ်​တာ​ကြောင့်​ သန့်​သန့်​ရှင်းရှင်းနဲ့
အသုံးအ​ဆောင်​အားလုံးပြည့်​ပြည့်​စုံစုံ
အကုန်​ရှိ​နေတယ်​။

"ဒီကိုမ​ရောက်​တာ​တောင်​ အ​တော်​ကြာ​နေပြီ
America မှာ​နေတုန်းက သူငယ်​ချင်း​တွေနဲ့
နှစ်​​ခေါက်​လား မသိဘူး လာဖြစ်​​သေးတယ်
အဲ့ဒီ​နောက်​ပိုင်း လာကိုမလာဖြစ်​​တော့တာ
hotelမှာ ထက်​စာရင်​အိမ်​က
ပိုနား​အေးပါး​အေးရှိတယ်
ကမ်း​ခြေနဲ့လဲပိုနီးတယ်​​လေ"

Behind Every Mask { COMPLETED }Where stories live. Discover now