(အားနည်းချက်)အားနည္းခ်က္
13K 1.1K 26
ကိုယ်တို့တွေမှာ အားနည်းချက် ကိုယ်စီ ရှိပါတယ်။အားနည်းချက်က တစ်ခုတောင် မဟုတ်ဘူး။အများကြီးရှိကြတယ်။
တစ်ခါတစ်ရံ အားနည်းချက်တစ်ခုကို ဖုံးရင်းဖိရင်းကနေတခြား အားနည်းချက်တွေပါ ပေါ်ကုန်တတ်တယ်။ရှေ့ဖုံးတော့ နောက်ပေါ်ဆိုသလိုပေါ့။အထူးသဖြင့် ကိုယ်တို့ မိန်းကလေးတွေမှာ အဲ့ပြသနာ ပိုဖြစ်လေ့ရှိကြတယ်။ဘာလို့ဆို ကို်ယ်တို့က မိန်းကလေးတွေလေ။သဘာဝတရားကိုက မိန်းကလေးတွေကို ခံစားလွတ်တတ်တဲ့ စိတ်နေစိတ်ထား ပေးထားတာမဟုတ်လား။ဆိုတော့ ကိုယ်မကြိုက်တဲ့ အားနည်းချက်တစ်ခုခုဖြစ်လာတာနဲ့ သူများတွေ မသိအောင် စိတ်ပင်ပန်းခံပြီးဖုံးဖိနေရတာမကောင်းပါဘူး။
အိုကေ။အားနည်းချက်ကို လာလာ တိုက်ခိုက်နေတယ်လို့ပြောနေကြတာကြားမိတယ်။ အင်း ... ကိုယ့်ကို မလိုမုန်းထားတဲ့သူတွေကတော့လာတိုက်ခိုက်မှာပါပဲ။ သူတို့ကို သွားပြီးတော့..ငါ့အားနည်းချက်ကို လာပြီးတိုက်ခိုက်စရာမလိုဘူးလို့ ပြောလို့လည်းမရ။ ပြောလိုက်ရင် ဟိုက ပိုဆိုးတော့မှာ။အဲ့တော့....တကယ်လို့ ကို်ယ်တို့တွေရဲ့ အားနည်းချက်ကိုတခြားသူတွေ သိသွားပြီးဆိုတာနဲ့အဲ့အားနည်းချက်ကို အားသာချက်အဖြစ်အမြန်ပြောင်းလဲပစ်တော့။ အားနည်းချက်အများစု ပြောင်းပစ်လို့ရတယ်။ပြောင်းလဲလို့ မရတဲ့ အားနည်းချက်ဆိုရင်ရော???ပြောင်းလဲ လို့ မရပါဘူးဆိုမှတော့အရှိကို အရှိတိုင်း လက်ခံလိုက်ပေါ့။အရှိကိုအရှိတိုင်း လက်ခံလိုက်ရင် အားနည်းချက်လို့ ခေါ်လို့ မရတော့ဘူး။ဒါကို မဟုတ်ဘူးဗျာ။ကိုယ်ပြောင်းလဲလို့ မရတဲ့ အရာကို တွေးပူပြီးစိတ်တွေ ညစ်နေတယ်။ စိုးရိမ်နေကြတယ်။ စိုးရိမ်လို့ ခင်ဗျားလေးတို့အတွက် ဘာ ကောင်းကျိုးမှဖြစ်မလာဘူး။
စိတ်ဆင်းရဲရတာပဲ အဖက်တင်မယ်။အဲ့တော့ ရွေးချယ်ပါ။ပြောင်းလဲ ပစ်မလား။လက်ခံ မလား။နှစ်ခုထဲက တစ်ခုပဲ ရဲရဲဝံ့ဝံ့ ရွေးချယ်လိုက်ပါ။ဒါမှ လိမ္မာပါးနပ်တဲ့ Smart Girl ဖြစ်လာမှာ။#ကောင်မလေးတွေဖတ်ဖို့။#REN-real-engery-note
#zawgyi
ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now