ထားခဲ့ခံရရင် (ထားခဲ့ခံရရင္)
1.3K 174 3
တစ်စုံတစ်ယောက်က မင်းကိုထားသွားရင်..လိုက်မဆွဲပါနဲ့။ထားသွားပါစေ။
ခုတလော...ren ကို လာမေးကြတဲ့ မိတ်ဆွေတွေထဲမှာ...အဖြစ်များတဲ့ ပြသာနာလေးတွေက ဘာလဲဆိုတော့ ကိုယ့်ကို မချစ်တဲ့သူကို ကိုယ်က အတင်းချစ်အောင် ကြိုးစားနေတဲ့ပြသာနာကထိပ်ဆုံးက ပါနေပါတယ်။
ကိုယ့်ကို မချစ်လို့ ထားသွားတဲ့ချစ်သူ...ကိုယ့်ကို တန်ဖိုးမထားလို့ ထားသွားတဲ့သူငယ်ချင်း...ကိုယ့်ကို အသုံးမလိုတော့လို့ ပစ်သွားတဲ့သူတွေကို...ကိုယ်က ဘာလို့ လိုက်ဆွဲနေရမှာလဲ။ကိုယ့်ကို ထားသွားတဲ့သူတွေကိုအတင်းလိုက်ဆွဲစရာမလိုပါဘူး။ထားသွားပါစေ။
ကိုယ့်တန်ဖိုးကို မသိလို့ ထားသွားတဲ့သူတွေကိုအတင်း အောက်ကျို့ပြီး လိုက်မဆွဲပါနဲ့။ထားသွားကြပါစေ။ကိုယ်ရဲ့အနာဂတ်ဟာ သူတို့နဲ့ လုံးဝမသက်ဆိုင်တော့တာမို့...သူတို့လည်း သူတို့လမ်းသူတို့လျှောက်ပါစေ။ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်မယ်။ကိုယ့်လမ်း ကိုယ်ဖောက်မယ်ဆိုတာမျိုးပဲ လုပ်ပါ။
ထားခဲ့ချင်သူတွေကို အတင်းလိုက်ဆွဲနေတဲ့သူမဖြစ်ပါစေနဲ့။ကိုယ့်မာနနဲ့ကိုယ်နေပါ။ချစ်တာချစ်တာ တစ်ပိုင်းပါ။ဒါပေမယ့် ကိုယ့်ရဲ့မာနတွေကိုတော့ မရိုက်ချိုးပစ်ပါနဲ့။ကိုယ့်ကိုယ်ကိုယ် ပိုချစ်ဖို့လိုပါတယ်
အချိန်တန်ရင်..ကိုယ့်ကို ထားမသွားတဲ့သူ..ကိုယ့်ရဲ့တန်ဖိုးကို နားလည်တဲ့သူ..ကိုယ့်ကို တကယ်ချစ်မြတ်နိုးတဲ့သူနဲ့တွေ့မှာမို့....လိုက်ဆွဲနေတာကို ရပ်ပြီး..ကိုယ့်လမ်းကို ကိုယ်လျှောက်ပါလို့ပြောချင်ပါတယ်။
#zawgyi
#REN
ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now