စိတ်ပြသာနာများ(စိတ္ျပသာနာမ်ား)

1.1K 116 5
                                    

စိတ်ဓာတ်ကျနေလို့ပါ ဘာလုပ်ရမလဲ။စိတ်အားငယ်နေလို့ပါ ဘာလုပ်ရမလဲ။ကိုယ့်ကိုယ်ကိုယ် မုန်းနေလို့ပါ ဘာလုပ်ရမလဲ။ကြံ့ခိုင်ချင်လို့ပါ။


ဒီရက်ပိုင်း Ren ကို လာမေးကြတဲ့ အမေးအများဆုံး မေးခွန်းတွေပါ။အခု Ren ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေအရ...တစ်ခုချင်းစီကို ဖြေပေးပါ့မယ်။


နံပါတ်(တစ်)စိတ်ဓာတ်ကျနေလို့ပါ။ဟုတ်ကဲ့...နေ့စဉ်နေ့တိုင်း လူတိုင်းဟာ သူ့နည်း သူ့ဟန် သူ့ပြသာနာတွေနဲ့ စိတ်ဓာတ်ကျလေ့ရှိကြပါတယ်။ဘယ်လောက်ပဲ လူတွေအမြင်မှာ ရယ်ရယ်မောမောဖြစ်နေပါစေ။ လူတွေအမြင်မှာ အရာအားလုံးအဆင်ပြေနေပါစေ..သူ့မှာ စိတ်ဓာတ်ကျစေမယ့် အကြောင်းရင်းလေးတွေရှိနေတတ်ပါတယ်။ ဆိုတော့... စိတ်ဓာတ်ကျခြင်းဆိုတာကကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့ အရာ မဟုတ်တာကို အရင်သတိပြုပါ။ဘယ်လိုကုမလဲ။တစ်နည်းက မောပန်းသွားအောင် လေ့ကျင့်ခန်း လုပ်လိုက်ပါ။ လေ့ကျင့်ခန်းက စိတ်ညစ်မှု စိတ်ဓာတ်ကျမှုတွေကိုဖြေဖျောက်ပေးနိုင်ပါတယ်။ Ren ဆို အရမ်းစိတ်ညစ်လာရင်...လေ့ကျင့်ခန်းလုပ်လိုက်ပါတယ်။ဟိုးအရင်က တိုက်ကွမ်ဒို နည်းနည်းပါးပါး သင်ဖူးတော့...တိုက်ကွမ်ဒိုကို နည်းနည်းပါးပါး လေ့ကျင့်လိုက်တယ်။ချွေးတွေထွက်လာနဲ့အတူ..နည်းနည်း ပေါ့ပါးသွားသလို ခံစားရပါတယ်။


နောက်တစ်နည်းက တရားထိုင်ပါတယ်။ဗုဒ္ဓဘာသာမို့လို့ထိုင်တာမဟုတ်ပါဘူး။ တရားထိုင်တဲ့အခါ...နာရီဝက်လောက် ကျော်လာရင်..စိတ်နည်းနည်းအေးသလိုခံစားမိလို့ အဲ့ စိတ်အေးတဲ့ feeling လေးကို ကြိုက်လို့ ထိုင်တာပါ။ စစထိုင်ချင်းကတော့..ရူူးမတက်ပါပဲ။ အတွေးပေါင်းများစွာရောက်လာတာမို့...တော်တော်ကြီးကို နေရခက်တဲ့ ခံစားမှုမျိုးကို တရားစစထိုင်တဲ့အချိန်မှာ ရပါတယ်။ ဒါပေမယ့် နာရီဝက်ကျော်လာရင်တော့စိတ်အေးတဲ့ ဖီလင်မျိုးကို ရလာပါတယ်။ စမ်းထိုင်ကြည့်ပါ။အပေါ်က နှစ်နည်းထဲက တစ်နည်းကို လုပ်ပြီးပြီးဆိုတာနဲ့ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းနေပါတယ်။ပြီးရင် ဘာကိုစိတ်ဓာတ်ကျနေတာလဲဆိုပြီး စာအုပ်ထဲမှာ အကုန်ချရေးပါတယ်။ ဘာကို ကြောက်နေတာလဲ...ဘာကိုစိတ်ညစ်နေတာလဲဆိုတာကို တိတိကျကျ သိလိုက်ရတော့ ဖြေရှင်းလို့ရသွားပါတယ်။ဖြေရှင်းလို့မရရင်တော့ ဖြစ်ချိန်တန်လို့ ဖြစ်တာပဲလို့ ဖြေလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ လောကကြီးမှာ ကိုယ်ဖြေရှင်းလို့ မရတဲ့ပြသာနာတွေလည်း အများကြီးရှိနေတာပဲဆိုတော့ အရမ်းကြီး စိတ်ကိုတွန်းအားမပေးတော့တာပါ။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now