နှစ်ကုန်လက်ဆောင်( Bye bye 2018)

1.7K 254 25
                                    

အချစ်တစ်ခုမှာ ချစ်သူရည်စားအချစ်ပဲဖြစ်စေ သူငယ်ချင်းအချစ်ပဲဖြစ်စေ …အချစ်ထက် အရေးကြီးတဲ့အရာသုံးခုရှိတယ်။

ယုံကြည်မှု လေးစားမှု နဲ့ ပွင့်လင်းမှု တဲ့။

အဲ့သုံးချက်ထဲက တစ်ချက် လျော့နည်းလာတာနဲ့ ပျက်ဆီးလာတာနဲ့ အဲ့ ချစ်ခြင်းတရားဟာ ပျက်ဆီးသွားတတ်တယ်။

သူငယ်ချင်းပဲ ဖြစ်စေ ချစ်သူ ရည်းစားပဲဖြစ်စေအချိန်ကြာလာရင် တစ်ယောက်ကိုတစ်ယောက် လေးစားမှုတွေ လျော့လာတယ်။ အရမ်းခင်တာပဲဟာ ဘာဖြစ်လဲဆိုပြီး တစ်ခါတစ်လေ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိတာတွေ ပြောမိတာတွေရှိတယ်။
ပုံမှန်အချိန်ဆို ဘာမှမဖြစ်ပေမယ့် …တစ်ဖက်လူက စိတ်အခြေအနေ မကောင်းတဲ့အခါမျိုးဆို ပြသနာဖြစ်တတ်တယ် စိတ်ထဲ ခုသွားတတ်တယ်။ "အဲ့ကောင်မက စသလိုနေုာက်သလိုနဲ့ ငါ့က်ုစော်ကားသွားတာ"ဆိုပြီး စိတ်ထဲ ထင်သွားတတ်တယ်။  သမီးရည်းစားတွေဲဆိုလဲ "သူ အသစ်တွေ့လို့ ငါ့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာဆိုပြီး " သံသယတွေ ဝင်လာတတ်တယ်။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ခင်ခင် ဘယ်လောက်ချစ်ချစ် လေးစားမှု ရှိကြပါ။

ယုံကြည်မှု တဲ့။
ခုခေတ် သမီးရည်းစားတွေ ကြုံနေရတဲ့ ပြသာနာတွေ ကွဲကွာသွားရတဲ့ ပြသာနာတွေက  ယုံကြည်မှု ကို သေချာ မတည်ဆောက်ကြလို့ပဲ။
အရမ်းချစ်လာတဲ့အခါ ယုံကြည်ဖို့ထက် သံသာတွေ ပိုများလာတယ်။ ကိုယ်က ဆုံးရှုံးရမှာကြောက်လာတာကိုး။ ကြောက်လာတော့  တစ်ဖက်သားကို သံသယ အကြည့်တွေနဲ့ကြည့် သံသယ အပြောတွေနဲ့ ပြောစတဲ့ တစ်ဖက်သတ် စွပ်စွဲချက်တွေ နဲ့ စိတ်ဒဏ်ရာပေးလာကြတယ်။
တစ်ဖက်သားကလဲ ကိုယ်လဲ ဘာမှမလုပ်ပဲ ကိုယ့်ကို စွပ်စွဲနေရင် သံသယ ဝင်နေရင် နေရတာဘယ်ပျော်မလဲ။ တစ်ကြိမ်လဲ မဟုတ် နှစ်ကြိမ်လဲမဟုတ် စွပ်စွဲခံလာရတဲ့အခါ ဘယ်လောက်ချစ်ချစ် စွန့်လွှတ်လာကြတယ်။လမ်းခွဲကြတယ်။
နှစ်ယောက်လုံးချစ်ရက်နဲ့ လမ်းခွဲကြတာ အဲ့လို သံသယတွေက အစပြုတာပဲ။
ဒါကြောင့် ချစ်နိုင်တုန်းမှာ အကောင်းဆုံးချစ်ပေးပါ။ သံသယ လုံးဝ အဝင်မခံပါနဲ့။ မနက်ဖြန်ဆိုတာ မသေချာတဲ့အချိန်မှာ ဒီနေ့ပဲ တစ်ယောက်ကို တစ်ယောက် ယုံယုံကြည်ကြည်နဲ့ ချစ်ကြပါ။

နောက်ဆုံးအချက် ပွင့်လင်းမှု။
ဒါလဲ RS တစ်ခု ရေ ရှည် တည်တံ့ဖို့နေရာမှာ အရေးကြီးတယ်။
တချို့ က ကိုယ်ဖြစ်ချင်တာ ဘာလဲ ကိုယ် မလိုချင်တာ ဘာလဲ ဆိုတာ တစ်ဖက်သားကို တိုက်ရိုက်မပြောပြဘူး။ မပြောပြပဲ တစ်ယောက်တည်း ကြိတ်ပြီး ခံစားတယ်။
ဥပမာ ကိုယ်နဲ့ရှိနေချိန် Game ဆော့တာမကြိုက်ဘူးဆိုပါစို့ …သူ့ကိုနားလည်အောင် ပွင့်ပွင့်လင်းလင်းပြောပြသင့်တယ်။ အဲ့လိုမဟုတ်ပဲ မပြောဘူး ရင်ထဲမှာပဲ ခံစားပြီ မကျေမနပ်ဖြစ်နေရင် ကြာရင် ကိုယ်ဘက်က စိတ်ကုန်တာတွေဖြစ်လာပြီ လမ်းခွဲချင်လာလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ဖြေရှင်းတတ်ပါစေ။


ကဲကဲ. မကြာခင်မှာ New Year ရောက်တော့မယ်။
Rs တွေလဲ ပိုပိုချစ်နိုင်ကြပြီ FA တွေလဲ ချစ်သူ ရကြပါစေ။

ပုံ
2019မှာ ချစ်သူရမယ့် Ren Viha
အလဲ့။


ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now